Part 27

2.3K 226 15
                                    

Unicode

"အစ်ကိုလေး ပြဿနာတော့ တက်ပြီ"

အခန်းထဲ အပြေးအလွှား ဝင်လာတဲ့ လက်ထောက်ဖြစ်သူရဲ့ စကားက စိတ်မသက်သာစရာပင်။ Laptopကို ကြည့်နေတဲ့ မျက်လုံးတွေကို ဝင်လာတဲ့သူဆီပို့လိုက်သည်။ ထိုသူမှာတော့ အပြေးအလွှားပြေးလာရ၍ အမောဖြေနေပြီး တံတွေးကို မျိုချလိုက်သည်။

"ဘာဖြစ်လို့လဲ"

"Ex..expiresတွေ.... ဟမ်း ဟမ်း... အစ်ကိုလေး ပစ္စည်းတွေက expires dateပြည့်ပြီးသားတွေ ထွက်လာလို့တဲ့"

"ဘာ!"

အသံကျယ်ကျယ်လောင်လောင်ထွက်လာတာမဟုတ်ပေမယ့် အာမေဋိတ်သံက စိတ်ထဲက အံ့သြမှု စိတ်ရှုပ်ထွေးမှုကို ဖော်ပြနေသည်။ လက်ထဲက စာရွက်တွေကို စားပွဲပေါ်ချလိုက်ပြီး လက်ထောက်က မျက်စပြတာကိုကြည့်ကာ အခန်းထဲက ထွက်လာသည်။ ရှပ်အင်္ကျီကို တံတောင်ဆစ်နားလောက်အထိ ခေါက်တင်ထားပြီး ရင်ဘက်ကကြယ်သီးနှစ်လုံးကို ဖြုတ်၍ ကုတ်အင်္ကျီမပါပဲ အလောကြီးတဲ့ ပုံစံနဲ့ လမ်းလျှောက်နေပုံကလည်း Perth Tanapon ရဲ့ လုပ်ယူစရာမလိုတဲ့ ဆွဲဆောင်မှုရှိခြင်းပင်ဖြစ်သည်။ ခြေလှမ်းကျဲကျဲတွေနဲ့ လျှောက်နေတဲ့ Perthနောက်ကို လက်ထောက်ဖြစ်သူက အမှီပြေးလိုက်ရင်း ပစ္စည်းဂိုဒေါင်ဘက်က ကွန်တိန်နာတွေနားကို ရောက်လာသည်။

"အစ်ကိုလေး"

Perth ပစ္စည်းတွေရှိတဲ့ကားဘက်ကို လျှောက်သွားလိုက်ပြီး ထိုထဲက ပစ္စည်းတစ်ခုကို ထုတ်ယူပြီးကြည့်လိုက်တော့ ဘူးခွံတွေပေါ်က expires dateတွေက ပထမဦးဆုံးအကြိမ်ထုတ်ခဲ့တဲ့ လွန်ခဲ့တဲ့ တစ်လက ပျောက်သွားတဲ့ ကုန်ပစ္စည်းများဖြစ်ကြောင်းပြနေသည်။

"ဘယ်လိုဖြစ်တာလဲ"

"ပစ္စည်းအလဲခံရတာပါ... ကျွန်တော် ပစ္စည်းပို့ဖို့လုပ်တုန်း ခြေရာလက်ရာပျက်နေလို့ စစ်ကြည့်လိုက်တော့ ဒီလိုတွေ့တာပဲ... သိသိချင်း အစ်ကိုလေးကို အကြောင်းကြားတာပါ"

"တော်သေးတာပေါ့ ပစ္စည်းအပြင်မရောက်သေးလို့"

Perth သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဒီကိစ္စရဲ့ ပဲ့ကိုင်ရှင်ဘယ်သူလဲ မေးစရာမလိုအောင်သိနေပြီ။ သူ့အလုပ်ကို နှောက်ယှက်မည်ဟု ကျိန်းဝါးထားတာ တစ်ယောက်တည်းသာရှိသည်။

Love (completed)Where stories live. Discover now