Part 18 (Unprepared)

3.6K 238 28
                                    

Unicode

ကိုယ်နံ့သင်းသင်းလေး........

ရေမွှေးစွတ်ထားလို့မွှေးတာမဟုတ်ပဲ အမြဲသုံးနေကျအနံ့ တစ်ခုက ခန္ဓာကိုယ်မှာ ကိုယ်နံ့နဲ့အတူ စွဲကပ်နေတဲ့အနံ့မျိုး.....

ပြီးတော့ ရင်ငွေ့ပေး​နေသလိုမျိုး နွေးထွေးတယ်.... ထိုအရာကို လက်နဲ့စမ်းမိတော့ ချည်သားအဝတ်စအောက်က အသားစိုင်တစ်ခု......

မျက်လုံးတွေ ဖွင့်ကြည့်တော့မှ သူရောက်နေတာ ရင်ခွင်တစ်ခုတွင်ဖြစ်သည်။ အတိအကျပြောရရင် သူ့ကိုမုန်းပါတယ်လို့ပြောပြီး အနာပေးလိုက် ဆေးပေးလိုက်လုပ်တဲ့သူရဲ့ နွေးထွေးတဲ့ ရင်ခွင်..... ထိုလူရဲ့ အထိအတွေ့တွေကို သဘောမကျပေမယ့် အနံစူးစူးတွေ မသုံးတတ်သည့် ထိုလူရဲ့ ကိုယ်သင်းနံ့ကိုတော့ နှစ်သက်မိသည်။

တနေ့ညက အပြင်းဖျားခဲ့ပေမယ့် မနေ့က သူ့ရဲ့ ပြုစုမှုကြောင့် လူကအတော် သက်သာနေပြီ..... ထိုရင်ခွင်ကနေ ရုန်းထွက်ဖို့ကြံတော့ ကိုယ်ကို ရစ်သိုင်းထားတဲ့ သူ့လက်တွေဟာ ခိုင်မြဲဆဲ.....

အိပ်နေတဲ့အချိန်မှာတောင် ကျွန်တော့်ကို လွတ်လပ်ခွင့်မပေးနိုင်တဲ့အထိ မုန်းလား ခင်ဗျားရယ်....

သူ့ရဲ့ တင်းကြပ်မှုတွေကို မတွန်းလှန်တော့ပဲ အလိုက်အထိုက်သာ သူရင်ခွင်ထဲ ပြန်မှေးစက်လိုက်သည်။

ဒါကျွန်တော်ပဲလေ....
ကိုယ်ဘယ်လောက် ရုန်းထွက်ချင်နေပါစေ တစ်ခြားသူက ဆုပ်ကိုင်ထားရင် ဒီအတိုင်းလေး ပြန်​​ငြိမ်နေလိုက်တာ......

ကျွန်​တော်သာ မုန်းတတ်ခဲ့ရင် သိပ်ပျော့လွန်းတဲ့ ကိုယ့်စိတ်နဲ့ နူးညံ့လွန်းတဲ့ နှလုံးသားကို အရင်မုန်းမိမှာ........

တစ်ရေး​ထပ်မှေးပြီးပြန်နိုးလာတော့ အခုနကလို ရင်ခွင်ထဲမှာ မဟုတ်ပဲ နွေးနွေးအိအိ ဂွမ်းစောင်ထဲမှာ......

"နိုးရင် ထတော့...... "

King size ခုတင်ကြီးပေါ်တွင် ထဖို့အရှိန်ယူနေတုန်း ခြေရင်းက ခပ်ရင့်ရင့်လေသံကို ကြားရသည်။ ကျွန်တော့်ယောက်ျားမှ ဟုတ်ပါလေစ....

အသေအချာပဲပေါ့ ရေချိုးပြီး bathrobeဝတ်ကာ ထွက်လာသူ......

"နေကောင်းကောင်းမကောင်းကောင်း ဒီနေ့ငါနဲ့ ကုမ္ပဏီလိုက်ခဲ့ရမယ်... ထပြီးပြင်ဆင်တော့"

Love (completed)Where stories live. Discover now