Part 22(Unprepared)

3.6K 244 22
                                    

Unicode

Saintတစ်ယောက် Perthရဲ့ ကိုယ်လုံးကို လှုပ်ပြီး နှိုးနေသည်။ ပါးစပ်ကတော့ မည်သည့်နာမ်စားကိုမှ အသုံးပြုခြင်းမရှိပေ.... နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် ဒီအိမ်ကိုစရောက်တည်းက ဒီနေ့အထိ Perthကို အိပ်ယာနှိုးတာ ထိုပုံစံအတိုင်းပင်..... သူနှိုးတိုင်းလည်း Perthက ချက်ချင်းနိုးသည်။ Perth နာရီကိုကြည့်တော့ ခါတိုင်းအချိန်ထက် စောနေသေးသဖြင့်.....

"အစောကြီးပဲ.... ဘာဖြစ်လို့လဲ"

"ဟို......."

Perth သူ့ပုခုံးကိုကိုင်ပြီး တဖြည်းဖြည်းထထိုင်လိုက်သည်။

"ပြော... ဘာပြောချင်တာလဲ "

Saintက ပြောစရာရှိပေမယ့် ပြောမထွက်.... သူ,မတရားဆုံး​ဖြတ်သလိုဖြစ်သွားမှာလည်းစိုးသလို Perthဒေါသထွက်မှာကိုလည်း စိုးရိမ်နေသည်။ သူလည်း ညလုံးပေါက်စဥ်းစားပြီးမှ ဒီလိုလုပ်ဖို့နည်းလမ်းကို ရခဲ့တာလေ.....

" ဒီနေ့တစ်ရက်စောစောသွားပေးပါလား.... ကျွန်တော် ကုမ္ပဏီအထိလိုက်ပို့ပေးပါ့မယ်.... ဟိုမှာလည်း အတွင်းရေးမှူးတွေရှိတော့ အလုပ်လုပ်တာက အဆင်ပြေမှာပါ..... အပြန်ကျရင် ကျွန်တော်လာခေါ်ပါ့မယ်..... တစ်ဖက်က P'Deeကို ပြောထားပြီးသားဖြစ်နေလို့"

"ထမင်းစားတော့ရော....."

"ဟို....."

Perthက မျက်မှောင်ကျုံ့ပြီး စိုက်ကြည့်ကာ ပြောလိုက်တော့ Saintက ပြောစရာစကားတို့ ပျောက်ရှနေတော့သည်။

"ကျွန်တော်...... ကျွန်တော်.... ဖုန်းဆက်ခေါ်လိုက်ပါ ကျွန်တော်လာခဲ့ပါ့မယ်"

"ကောင်းပြီလေ... မင်းစီစဥ်သလိုပဲလုပ်တာပေါ့"

"ဟုတ်ကဲ့ "

ခုတင်ပေါ်က ထလိုက်တဲ့ Perthကို အင်္ကျီ ကူချွတ်ပေးပြီး ရေချိုးခန်းထဲဝင်ကာ Perthမျက်နှာသစ်သွားတိုက်ရန်ပြင်ဆင်ပေးထားသည်။ Perthဝင်လာပြီး သွားတိုက်နေတုန်း Saintက တစ်ဖက်တွင် ရေချိုးရန် boilerက ရေကို ရေပူရေအေးညှိပေးနေသည်။ အားလုံးအဆင်သင့်ပြင်ပေးပြီးတာနဲ့ ထွက်သွားဖို့ပြင်တော့.....

"ခဏနေဦး....ငါကဒီပုံစံနဲ့ ရေဘယ်လိုချိုးရမှာလဲ.... လာကူ"

"ဗျာ... ဟို...."

Love (completed)Where stories live. Discover now