Part 55

898 84 37
                                    

Unicode

ပြွတ်!

Perthက Saint နှုတ်ခမ်းလေးကို စုပ်နမ်းပြီး အိပ်ရာကနေ နှိုး၏။ ပထမတစ်ခါ နှိုးရုံနဲ့ Saint မနိုးဘူးဆိုတာ Perthသိသည်။ Saint သောက်နေရတဲ့ ဆေးတွေကြောင့် အရမ်းအိပ်၏။ အစာအိမ်နာတာကြောင့် အစားအသောက်အများ​ကြီးစားပြီး အားယူလို့မရတော့ ခန္ဓာကိုယ် အားရှိအောင် အိပ်၍သာ အနားယူရသည်။ Saintရဲ့ ကျန်းမာရေး အခြေအနေက နဂိုထက်သက်သာလာတယ်ဆိုပေမယ့် အစားမစားနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်ကတော့ တက်မလာခဲ့။

နောက်နှစ်ရက်နေရင် Saint oprationလုပ်ရမည်။ ဘုရားသခင်က Saintရဲ့ "သူ့ခင်ပွန်းနဲ့ပျော်ရွှင်ချင်သေးတယ်"ဆိုတဲ့ဆန္ဒကို ဖြည့်စည်းပေးချင်တယ်ထင်ပါရဲ့။ medical ckeck-up လုပ်ပြီးချိန်မှာ ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲသေးတဲ့ အနာအကြိတ်အခဲကြောင့် စိတ်တစ်ဝက်ချမ်းသာရသည်။ Saintကသာ သူ့ကိုယ်သူစိတ်ဓာတ်တွေကျကာ နောက်ဆုံးအဆင့်ထိရောက်နေပြီဆိုပြီး ဒရမ်မာတွေချိုးနေခဲ့တာ။ ဆေးစစ်ခြင်း၊သွေးစစ်ခြင်းများလည်း သေချာတိကျအောင် မလုပ်ခဲ့တာပါသည်။ အခုတောင် Perthက Saint medical checkupမလုပ်ရင် ဆေးရုံခေါင်မိုးထပ်ကနေ ခုန်ချပစ်မှာဆိုတာကြောင့်သာ ငြိမ်ပြီးလက်ခံတာ​​ဖြစ်သည်။

"ချစ်ဇနီးလေး ထတော့လို့"

ဒီလိုခေါ်တာကို Saintမကြိုက်တာမို့ Perthတမင်ခေါ်လိုက်တာ။ ရလာဒ်ကတော့ မှန်းထားတဲ့အတိုင်း မျက်လုံးဖွင့်ကြည့်လာ၏။

"ဇနီးလေးက မထတော့... ကိုယ်က ဇနီးလေးကို... အွန်း"

"အစ်ကိုကလည်း အဲ့လိုမခေါ်ပါနဲ့ဆို"

Saintက Perthပါးစပ်ကို လက်နဲ့လှမ်းအုပ်လိုက်ကာ စူပုတ်ပုတ်လေးပြောသည်။ Perthက အခုနောက်ပိုင်း Saintကို အလိုလိုက်ပေမယ့် Saintကတော့ အခွင့်ရေးယူပြီး ချွဲတာ၊ဆိုးတာ၊အနိုင်ကျင့်တာမျိုးမရှိ။ နဂိုအတိုင်း Perthစကားဆို နာခံမြဲဖြစ်သည်။ Perthက အရင်ထက် စ,နောက်လာတတ်ပြီး နူးနူးညံ့ညံ့ဆက်ဆံသည် တစ်ခါတစ်လေ အကြပ်ကိုင်တတ်တဲ့ ဗီဇလေးနဲ့ ဇွတ်တရွတ်လုပ်တဲ့အကျင့်လေးမပျောက်တာတစ်ခုပဲ။

"ဒီနှစ်ရက်အတွင်းအားရှိအောင်လုပ်ထားရမယ်လေ အချိန်မှန်စား အချိန်မှန်အိပ်မှ"

Love (completed)Where stories live. Discover now