Part 60

1.1K 74 15
                                    

Unicode

တိမ်စိုင်တွေကြားထဲ နစ်ဝင်နေသလို နူးညံ့မှုတွေက လူကို စိတ်ကျေနပ်မှုပေးပြီး သက်သောင့်သက်သာ ရှိစေသည်။ ရနံ့မွှေးမွှေးလေးတွေကလည်း မိန်းမောစေ၏။ ဒီလိုအထိအတွေ့ ဒီလိုသင်းရနံ့မျိုးကြောင့် Perthသိလိုက်ရတာက သူ့ရင်ခွင်ထဲကကောင်လေးက ထ,မသွားသေးဘူးပဲ။ မျက်စိဖွင့်ကြည့်လိုက်တော့ ဘေးမှာအိပ်နေတဲ့ အဖြူရောင်နတ်သားလေးက မြင်လွှာလေးတွေ ပိတ်ပြီး အိပ်မောကျနေသည်။

နဖူးပေါ်အုပ်နေတဲ့ ဆံပင်လေးတွေကို အသာလေးသပ်နေပေးလိုက်ပြီး ပါးလေးကိုအုပ်ကိုင်လိုက်သည်။ ကြည်လင်နေတဲ့ မျက်နှာလေးကို ကြည့်ရင်း Perthအတွေးထဲဝင်လာသည်က ဒီကောင်လေးဟာ ခါးခါးသီးသီးမုန်းရတဲ့လူမှ ဟုတ်ခဲ့ရဲ့လား။ တဆစ်ဆစ်မုန်းလို့ ရခဲ့တဲ့ ပြစ်ဒဏ်က အခုလို တစိမ့်စိမ့်ချစ်နေရတာလား။ ဒီလိုဆိုရင်တော့ ဒီပြစ်ဒဏ်ကို နောက် ဘဝအဆက်ဆက်ခံယူလိုက်ဦးမည်။

Saintကို ထိတွေ့လိုက်တာနဲ့ လက်ကအငြိမ်မနေပဲ မျက်နှာ​လေးကို ပွတ်သပ်မိတော့ Saintနိုးလာသည်။

"နိုးပြီလား"

"ဟုတ်"

အိပ်ယာနိုးရင် အိပ်ယာထဲမှာ လှဲမနေတတ်တာက Saintအကျင့်​ဖြစ်တာကြောင့် မျက်လုံးလေးကို ပွတ်ရင်းထထိုင်လိုက်သည်။ ရုတ်တရတ်သတိမထားမိပဲ ထိုင်တော့ မျက်ခနဲနာသွားလို့ ရုပ်လေးက ချက်ချင်း ရှုံ့မဲ့သွား၏။

"နာနေသေးတယ်မလား"

"ရပါတယ်"

ဒီလိုကိစ္စတွေကို Perthကသာ အလွယ်လေးပြောထွက်တာ Saintကတော့ ဒီအကြောင်းအရာစကားထဲပါရင်ကို ရှက်နေတတ်သည်။ ခုတင်ပေါ်ကဆင်းဖို့လုပ်နေတဲ့ Saintကို Perth အပြေးအလွှားကောက်ချီလိုက်၏။ Saintက ရုတ်တရက်ဆိုတော့ ပြူးကြောင်ကြောင်။

"ကိုယ့်ကြောင့်ပင်ပန်ထားတာလေ အဲ့ဒါကြောင့် ဒိနေ့တစ်ရက် အလုပ်မသွားပဲ ပြုစုပေးမယ်"

"အာ...မဟုတ်"

"Saint! ဘယ်တော့မှ ကိုယ်လုပ်ပေးတာကို အသာတကြည် လက်ခံမှာလဲ ဟမ်"

"ကျွန်တော်..."

"ဘာမှ မပြောနဲ့"

Saintကို ချီသွားပြီး ရေချိုးခန်းထဲ ဆေးကြောသန့်စင်ပေးပြီး ရေချိုးဖို့ကူပေးကာ Saintဝတ်ဖို့ အင်္ကျီလေးပါ ထုတ်ထားပေးလိုက်သေးသည်။ ခေါင်းလျှော်ထားတော့ ခေါင်းကိုdryerနဲ့ သေချာလေးမှုတ်ပေး၏။ Saint ငြိမ်ခံနေတော့ Perthစိတ်ကျေနပ်သွားသည်။ Saint ဆံပင်ပျော့ပျော့လေးကို ခပ်ဖွဖွလေးလုပ်ထားလိုက် Saintတစ်ခါမှမဝတ်ဖူးတဲ့ ကလေးဆန်ဆန် ယုန်အင်္ကျီpajamaတစ်စုံကိုဝတ်ပေး၏။ အဝတ်အစားဂျေးများတဲ့လူမဟုတ်တော့ အိမ်မှာနေရတာပဲမို့ Perthဆင်ပေးတဲ့အတိုင်းသာ သူငြိမ်ခံနေလိုက်သည်။ ခါတိုင်း ရိုးရိုးရှင်းရှင်းသန့်သန့်ပြန့်ပြန့်ကောင်လေးက အခုတော့ ချစ်စရာကောင်းတဲ့ ယုန်ဖြူပေါက်စလေးနဲ့တူနေသည်။

Love (completed)Where stories live. Discover now