သားသားမီးမီးတွေသာရှိခဲ့ရင်

814 36 3
                                    

Unicode

မီးဖိုပေါ်က ရေနွေးအိုးဟာ တရှူးရှူးမြည်နေသည်။ ဘေစင်ပေါ်မှာတော့ ပြုတ်ပြီး ရေစစ်ထားသော နို့ဘူးလေးတွေ ရှိနေ၏။

"အုငဲ...ငဲ...ငဲ...အုငဲ...အက် အက်"

"ကျွတ်... ကျွတ်... ပါပါးသားလေး နိုးပြီလား... ပါပါးရှိတယ် မငိုနဲ့"

ပုခတ်ထဲ၌ လူးလွန့်ပြီး ငိုနေသော ၄လသားလေးကို Saintကောက်ချီလိုက်သည်။ Saintချီလိုက်တော့ သားကအငိုတိတ်သွားပြီး ငြိမ်နေ၏။ ကလေးက နေ့လည်က အိပ်ပြီး ညနေ၅နာရီကျော်တော့ နိုးလာတာ။ သူ့ဒယ်ဒီအလုပ်က ပြန်လာမယ့်အချိန်ဆို သူကနိုးတာ ပုံမှန်ဖြစ်နေသည်။

"ညီရေး နိုနဲ့... ဒယ်ဒယ် ကြန်ရာဒေါ့မှာ"

အငယ်လေးကို Saintက ချီပြီး ဆိုဖာပေါ်ထိုင်တော့ အစ်ကိုဖြစ်သူ ၃နှစ်သားလေးက Saintဘေးမှာ လာထိုင်ပြီး သူ့ညီကို ချော့သည်။ ကလေးချင်း စကားနားလည်သလိုနဲ့ အငယ်လေးက သူ့အစ်ကိုကို​ချောကြည့်နေ၏။

"ပါပါးသားလေး၂ယောက်လုံးက လိမ္မာလိုက်တာ"

Saintက သားအကြီးလေးကိုပါ ဖက်ပြီးနဖူးကို နမ်းသည်။ ပေါင်တစ်ဖက်ပေါ်မှာ သားတစ်ယောက်ကိုထိုင်စေ၍ ရင်ခွင်ထဲမှာတော့ သားတစ်ယောက်ကို ဖက်ထား၏။

"ပါပါး..."

"ဗျာ..."

"ချစ်သယ်"

"ပါပါးလည်းချစ်ပါနော်"

"ချစ်ရင် ဖရဲတီးကျွေးပါဦးနော်"

"ဟားဟား လူလည်လေး"

ကျွီ...

တံခါးပွင့်သွားပြီးနောက် မြင်လိုက်ရတာက ပြုံးဖြီးနေတဲ့ Perthမျက်နှာကြီးပင်။

"ပြန်ရောက်ပါပြီခင်ဗျာ"

"ဒယ်ဒီ ကြန်လာပြီ...ရေး!!!"

သားလေးက လက်ခုတ်၂ဖက်ကို စုံတီးပြီး သူ့အဖေကိုဖက်ဖို့ လက်ကို ဆန့်ထား၏။ သူ့အဖေက ကလေးကို ရှောင်ပြီး ပြေးဖက်တာက သူ့ယောက်ျားကို။

"ကိုယ့်အသဲလေး ပင်ပန်းနေပြီလား... ပြွတ်!"

"အသဲရေး ခိခိ"

ကလေးတွေရပြီး နောက်ပိုင်း Perthက Saintကို မျိုးစုံအောင်ခေါ်သည်။ အသဲလေး၊ အချစ်လေး၊ နှလုံးသားလေး၊ ပူတူတူးလေး၊ အသက်ကလေး စသဖြင့် ပါးစပ်ထဲရှိသမျှ။ ကလေးတွေရှေ့ လူ​တွေရှေ့မှာ မခေါ်ဖို့ပြောပေမယ့် သူ့ဗီဇအတိုင်း လုံးဝစကားနားမထောင်။ သူ့ကိုမနိုင်လို့ လွှတ်ထားရသလို သူခေါ်သမျှလိုက်ခေါ်သည့် သားကိုလည်း လွှတ်ထားရ၏။

Love (completed)Where stories live. Discover now