Part 58

774 53 26
                                    

Unicode

ဒီနေ့က သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် စံအိမ်မှာ ထုံးစံအတိုင်း မွေးနေ့ပွဲလုပ်သည်။ Saintကျန်းမာရေးအခြေအနေက တော်တော်လေး ကောင်းလာတယ်လို့ ဆိုရမည်။ ဆေးတွေသောက်စရာလည်းမလိုတော့သလို အစားအသောက်ရှောင်စရာလည်းမလိုတော့။ အလေးအပင်မ,တာနဲ့ ဗိုက်ကိုအားပြုပြီးလုပ်ရတဲ့အလုပ်ကလွဲရင် ကျန်တာအကုန်လှုပ်ရှားသွားလာလို့ရနေပြီဖြစ်သည်။

လူသိရှင်ကြား လက်ထပ်ထားတာမို့ ဖွားလည်းငြင်းဆန်လို့မရတော့ပဲ ခေါင်းမာလွန်းတဲ့ သူ့မြေးကို သူအလျော့ပေးခဲ့ရသည်။ သို့ပေမယ့် Saintအပေါ်တော့ အမြင်မကြည်သေးချေ။ အခုလည်း Saintက အိမ်ထဲဝင်ဖို့ကြောက်နေ၏။

"ကိုယ်တစ်ယောက်လုံးရှိတယ် လာ"

အနည်းငယ်တုန်ရီအေးစက်နေတဲ့ Saintလက်လေးကို Perthဆုတ်ကိုင်လိုက်၏။ Perthလက်ကို Saintအားကိုးတကြီး ပြန်ဆုတ်ကိုင်ထားလိုက်သည်။ အိမ်ထဲဝင်သွားတော့ သမီးလေးက တတောက်တောက်လမ်းလျှောက်ပြီး Saintဆီပြေးလာ၏။ သမီးလေးကို Saintချီဖို့ပြင်တော့ Perthကလက်တစ်ဖက်ကို လုံးဝမလွှတ်ပေး။

"မီး...ချီ...အင့်...အင့်"

ကလေးဆိုးကြီးက ကိုင်ထားတဲ့လက်တစ်ဖက်ကို ဘယ်လိုမှ မလွှတ်ပေးတာမို့ ကျန်လက်တစ်ဖက်နဲ့ ကောက်ချီလိုက်၏။

"Saint လေးတာတွေ မ,လို့မရဘူးလေ"

"ကလေးကပေါ့ပေါ့လေးကို"

"ခိခိ... အာဘွား... ချိန့်...ချစ်"

သမီးလေးက ချစ်တယ်ပြေးပြီး Saintကို တဖွဖွနမ်းနေသည်မို့ Perth စိတ်မရှည်စွာစိုက်ကြည့်နေ၏။

"အရင်ထိုင်ကြပါဦးနော်"

Perth အူတိုနေတာကိုတစ်အိမ်လုံးသိသည်။ သူပဲပိုင်ချင်၊ သူပဲဆိုင်ချင်၊ သူပဲကိုင်ချင်နဲ့ သိပ်တိုတဲ့လူ။

ဆိုဖာပေါ်ထိုင်ကြတော့ သမီးလေးက Saintပေါင်ပေါ်ကို အလိုအလျောက်ရောက်သည်။ ထို့ကြောင့် Saintပေါင်တစ်ဖက်ပေါ်တွင် Perthက သူ့လက်ကိုတင်ထား၏။ ကလေးမိဘတွေနဲ့ အိမ်ကလူတွေက အလုပ်ရှုပ်နေတော့ သူတို့ပဲကလေးကိုထိန်းပေးနေရ၏။

Love (completed)Where stories live. Discover now