Part 51

838 86 8
                                    

Unicode

Saint လက်ဆွဲခရီးဆောင်အိတ်တစ်အိတ်စာပဲ ပဲရှိသည့် သူ့တစ်ကိုယ်စာ ပစ္စည်းလေးတွေကို ထုတ်ပိုးကာ ထွက်လာခဲ့သည်။ ဒီနေရာလေးကို သူထပ်လာဖြစ်တော့မှာ မဟုတ်သလို ဒီလူနဲ့လည်း ထပ်တွေ့ဖြစ်ချင်မှ တွေ့တော့မှာ။

Saint အိတ်ထဲတွင် သူ့မှတ်ပုံတင်၊ အရေးတကြီးလိုတဲ့ စာရွက်စာတမ်းတချို့ရယ်၊ သူပိုင်ဆိုင်သမျှ ပိုက်ဆံတွေနှင့် သူ့အဝတ်အစားလေး ၁၀စုံကျော်ကျော်လောက်သာပါသည်။ သူရဲ့ ဆေးတွေကတော့ မပါမဖြစ်ပေါ့။ တ​ခြား တစ်ကိုယ်ရည်သုံးပစ္စည်းဖြစ်တဲ့ သွားတိုက်တံလေးတစ်ချောင်းနှင့် မျက်နှာသုတ်ပုဝါလေးတွေကို ခရီးထွက်ဖြစ်တဲ့ပုံစံနှင့် လိုလိုမယ်မယ် ထည့်လာ၏။ ဒါတွေဟာလည်း သူ့ကိုယ်တိုင် သူ့ပိုက်ဆံနဲ့ဝယ်ထားတာတွေဖြစ်သည်။ Perthဝယ်ပေးထားတဲ့ ပစ္စည်းပစ္စယာဘာမှကို မယူလာခဲ့ပါ။ အစတည်းက စံအိမ်မှာရော Perth ကွန်ဒိုမှာပါ သူက ဘာမှ များများစားစား ဝယ်ဖြစ်သုံးဖြစ်တာရယ်လို့ မရှိ။ ဒါပေမယ့် Perth ဝယ်ပေးထားတာတွေက လိုလေသေးမရှိအောင် ပြည့်စုံနေသည်။ ထိုအရာတွေ ဘာတစ်ခုမှမပါလာခဲ့ပေမယ့် Perthသူ့ကို ဝယ်ပေးခဲ့သည့် လက်ပတ်လေးကိုတော့ ဝတ်ခဲ့သည်။ ဒါလေးကလည်း သူမချွတ်တမ်း စွဲစွဲမြဲမြဲ ဝတ်ထားခဲ့လို့ ပါလာခဲ့တာ။

အထုတ်အပိုးနဲ့ Saintကိုမြင်တော့ Deeက အကျိုးအကြောင်းမေးသည်။

"Saint ဒါဘာတွေလဲ"

"အာ... ကျွန်တော် သူငယ်ချင်းအိမ် ခဏသွားနေမလို့"

Saint ချက်ချင်းမဖြေနိုင်သေးပဲ အရှိန်ယူနေတာရော မျက်လုံးက Deeကို ​​ရှောင်ပြီးပြောနေတာရောကြောင့် Saint အမှန်အတိုင်းပြောတာမဟုတ်မှန်း Deeသိသည်။ Perth ပြည်ပခရီးထွက်နေရတာကိုလည်း သိ၏။

"ဘာလို့လဲ Perthက အိမ်မှာမရှိလို့လား"

Saintက ဂုတ်လေးကို ပွတ်ပြီး ခေါင်းလေးစောင်းကာ မသက်မသာလေး ရယ်လိုက်၏။

"သူ့ကြောင့်မဟုတ်ပါဘူး... သူငယ်ချင်းနေမကောင်းလို့ အဖော်သွားနေပေးရုံပါ"

"အင်းပါ... သွားရလာရဝေးရင် ကိုယ့်ကိုပြောလေ လာခေါ်ပေးမယ်"

"အာ မဟုတ်တာ... ရပါတယ်"

Love (completed)Where stories live. Discover now