Chapter - 8.2

7.2K 1.4K 46
                                    

ထိုလူက အသက်ရှူ ကြပ်သွားကာ ချောင်းဆိုးရင်းနိုးလာလေ၏။ လင်ရှုယီကိုမမြသ်ခင်အထိ သူ့မျက်လုံးတွေတည်ငြိမ်သွားဖို့ အချိန်အနည်းငယ်ကြာသွားသည်။ ထို့နောက် သူက နှုတ်ခမ်းတို့ကိုတွန့်ကွေးကာ ပြုံးလိုက်ပြီး ရယ်မောလေတော့သည်။

"မင်းပဲလား?"

လင်ရှုယီက သူ့နှလုံးသားထဲက ဒေါသတွေကိုဖိနှိပ်ရင်း မျက်ဝန်းများမှေးကျဉ်းလိုက်သည်။

"ကျွန်တော်က ခင်ဗျားအသက်ကို ကယ်ခဲ့တဲ့သူပဲ။"

ထိုသူက ဟက်ကနဲရယ်ရင်း ထပ်ပြုံးပြန်သည်။ ငါ့အသက်ကို ကယ်ခဲ့တဲ့သူ? ဒီရှေးရိုးစွဲနေတဲ့အယူအဆတွေနဲ့ကောင်လေးက ဘယ်ကလာတာလဲ? သူ့ကိုခုန်အုပ်ကာ ကိုက်ပစ်ချင်နေပုံဖြင့် အံကြိတ်ထားသော လင်ရှုယီကိုကြည့်ရင်း ထိုသူက ပါးနပ်စွာပင် ရယ်နေတာကို ချိုးနှိမ်လိုက်ပြီး တည်ကြည်စွာပြောလိုက်သည်။

"အင်း။ မင်းက ကိုယ့်အသက်ကို ကယ်ခဲ့တဲ့သူပဲ။"

ဒီလူ့ပါးစပ်ကထွက်လာတဲ့စကားက သူ့ရင်ထဲက ဒေါသမီးတောက်တွေကို ပိုမိုအားဖြည့်ပေးလိုက်သလို လင်ရှုယီခံစားလိုက်ရသည်။ အစထဲက ဒီလူကို သူမကယ်ခဲ့သင့်တာ။ လင်ရှုယီက ဆန်ပြုတ်ပန်းကန်ကို တစ်ဖက်မှာရှိတဲ့စားပွဲလေးအစွန်းမှာတင်ထားခဲ့ပြီး အခန်းထဲကထွက်သွားတော့သည်။

ထိုလူရဲ့ အံ့အားသင့်နေတဲ့အသံက နောက်မှထွက်လာ၏။

"ကိုယ့်အဝတ်အစားတွေရော? မင်းချွတ်ပစ်လိုက်တာလား?!"

လင်ရှုယီ အံကြိတ်လိုက်သည်။

"မီးရှို့ပစ်ပြီ!"

ထိုလူရဲ့ ရယ်မောသံက ထပ်မံထွက်ပေါ်လာပြန်သည်။

"ကိုယ်တို့နှစ်ယောက်လုံးက ယောက်ျားလေးတွေဆိုပေမယ့် မင်းကိုယ့်အဝတ်အစားတွေကို မချွတ်သင့်ဘူး။"

လင်ရှုယီ လက်သီးတင်းတင်းဆုပ်လိုက်ပြီး ပြန်ဖြေလိုက်သော်လည်း အဆုံးထိတော့ သူ့ကိုယ်သူချုပ်တည်းထားဆဲပင်။ အစတည်းက ဒီလိုပေါ့တီးပေါ့ပျက်နဲ့ပွင့်ပွင့်လင်းလင်းရယ်တတ်တဲ့လူကို သူသဘောမကျခဲ့ပေ။ အဖျားကြီးပြီး နေမကောင်းဖြစ်နေတာတောင်မှ သူ့ပါးစပ်ကထွက်တဲ့စကားတွေက ကြားရတာ အရမ်းကိုအဆင်မပြေဖြစ်လွန်းသည်။

I'm a Chef in the Modern Era [Myanmar Translation]Unde poveștirile trăiesc. Descoperă acum