chanbae:စိတ်မပူပါနဲ့။ခမည်းတော်ကော သားကောရှိနေတာပဲကို pa အန္တရာယ်ကင်းမှာပါ

byun pov:ခမည်းတော်?chanbaeက chanyeolရဲ့သားလား?

baekhyun chanyeolကိုသေချာစိုက်ကြည့်နေသည်။chanyeolမျက်နှာပုံစံသည် အစကတည်းက စိမ်းသက်မနေတာကြောင့် တစ်ချိန်ချိန်ကဆုံခဲ့ဖူးသူလားလို့တောင် ထင်ခဲ့ရသည်။အခုတော့……chanbaeရဲ့ခမည်းတော်တဲ့လား……

~~~~~~~~~~

chanyeolအမိန့်နဲ့ chanbae,channieနဲ့ chanchinတို့တွေ လှေရှာရန်ခွက်လာခဲ့ကြသည်။သူတို့ရောက်နေသောနေရာမှာ အလွန်ဆင်းရဲသောနေရာမဟုတ်ပေမဲ့ အရင်မြို့ခံတွေကလှေကိုအသုံးပြုသွားတာကြောင့် လှေမရခဲ့။

channie:ဘယ်လိုလုပ်ကြမလဲ။ဒီကောင်တွေကမနက်ဖြန်ထက်ပိုပြီးငါမထိန်းနိုင်တော့ဘူး

channieအစွမ်းဖြင့်ကာဆီးထားတာကြောင့် ရွာပတ်ပတ်လည်တွင် အကြည်ရောင်တံခါးများက စက်လုံးတစ်ခုသဖွယ်ရှိနေပြီး ထိုတံခါးကိုချိုးဖောက်နေသူ ဖုတ်သရဲများမှာလည်း အများအပြား။

သုံးယောက်သားထိုမြင်ကွင်းကိုကြည့်နေရာမှ မျက်နှာလွဲှလိုက်ပြီး သက်ပြင်းချလိုက်သည်။

chanchin:အဲ့တော့ အခုဘယ်လိုလုပ်မှာလဲ။လှေမှမရှိတာ

chanbae:မရှိတာကိုရှိအောင်လုပ်လို့ရပါတယ်

chanbaeက ရွာပတ်ပတ်လည်ကိုကြည့်ပြီး ပြန်ဖြေလိုက်သည်။

channie:မင်းမှာနည်းလမ်းရှိတာလား

chanbae:လူကြံရင်ဘာမဆိုဖြစ်ပါတယ်။လောလောဆယ်တော့ငါကသေမင်းဖြစ်နေတာလေးတစ်ခုပဲ

chanchin:အဲ့တော့……

chanbae:ဒီရွာမှာက လူလည်းမရှိဘူး။နေတော့မဲ့ပုံလည်းမပေါ်ဘူး။အဲ့တော့ လိုအပ်တဲ့ဟာတွေကို ဒီကနေပဲယူရအောင်

channie:ဆိုလိုချင်တာက……လှေကိုကိုယ်တိုင်လုပ်မလို့လား

chanbae:အင်း

channie:လုပ်တတ်လို့လား

chanchin:ဒီလောကမှာ ညီ မလုပ်တတ်တဲ့အရာဆိုတာမရှိဘူး

chanchinစကားကြောင့် chanbaeပါးချိုင့်လေးထင်းသည်အထိပြုံးလိုက်သည်။channieကတော့ ဘာမှမပြောတော့ဘဲ ဒီအတိုင်းလေးသာ ကြည့်နေခဲ့သည်။

Death(သေမင်းတမန်တော်)Where stories live. Discover now