19

2K 304 10
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၁၉

chanyeolသီချင်းရေးနေရင်း သူ့အနားတွင်တဝဲလည်လည်လုပ်နေသည့် channieကိုသတိထားမိနေတာ မနေ့ကတည်းကဖြစ်သည်။ပေါ်လာလိုက်၊ပျောက်သွားလိုက်၊ချောင်းကြည့်လိုက်နဲ့ အရမ်းကိုစိတ်အနှောင့်အယှက်ပေးလွန်းနေသော ကောင်လေး……

park:ဘာကိစ္စရှိလို့လဲchannie

chanyeolဘောပင်ကိုချပြီးပြောလိုက်တော့မှ သူ့အရှေ့မှာပေါ်လာတဲ့ ကောင်လေး……

channie:ဟို………

channieခေါင်းလေးငုံ့ပြီး လက်လေးနှစ်ဖက်ကို ပွတ်ချေနေသည်။

park:ပြောစရာရှိရင်ပြောလေ

channie:အဲ့ဒါက………

park:မကြောက်နဲ့

channie:ကြင်ယာတော်byun

park:byunဘာဖြစ်လို့လဲ

channie:သူ့မှာ အန္တရာယ်ရှိနေပြီ။ဟို………ဂျိုဆွန်းနဲ့ မယ်မယ်တို့ကြောင့် ကြင်ယာတော် ဂျိုဆွန်းကိုရောက်သွားလို့ပါ။အခု ရိုက်နေတဲ့ kingdomဇာတ်ကားလေ။အဲ့ထဲကိုရောက်သွားတာ။အဲ့မှာက ဖုတ်သရဲတွေချည်းပဲဆိုတော့………

park:byunကသူ့အိမ်မှာမဟုတ်ဘူးလား

channie:မဟုတ်ဘူး။ရိုက်ကွင်းသွားကြည့်ရင်းနဲ့ အဲ့ထဲရောက်သွားတာ

park:သားကဘယ်လိုသိတာလဲ

channie:သားက မယ်မယ်နဲ့အတူရှိနေတာပါ

park:မဖြစ်နိုင်တာ။byunမှာသာအန္တရာယ်ရှိရင် သူ့ကိုယ်ထဲကဓားကအချက်ပြမှာပဲ

channie:အဲ့ဒါက……အခုထိအန္တရယ်မဖြစ်သေးတာလည်းဖြစ်နိုင်တယ်လေ။chanbaeကသွာပြီးကူညီနေတာဆိုတော့

park:chanbaeကဘယ်လိုလုပ်ပြီးသိသွားတာလဲ

channie:သားပြောပြလိုက်တာ

park:ဝင်ပေါက်ကကော

channie:သားသိတယ်။ထွက်ပေါက်ပဲမသိတာ

park:ထွက်ပေါက်?

channie:ဟုတ်တယ်။အဲ့ဒါ gameလိုမျိုးဆိုတော့  သူ့ဇာတ်လမ်းအတိုင်းသွားနေမှာ။ထွက်ပေါက်ကလည်းဘယ်နားမယ်မှန်းမသိဘူး

park:အဲ့ဇာတ်ကားရဲ့ဝတ္ထုပေး

channie:ဒီမှာ

channieသူ့စွမ်းအားနဲ့ စာအုပ်တစ်အုပ်ကိုထုတ်ပြီးပေးလိုက်သည်။

Death(သေမင်းတမန်တော်)Where stories live. Discover now