26

1.8K 220 9
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၂၆

baekhyun နဲ့ chanyeol ဟိုတသ်နေ့ကစကားများပြီးနောက် ပြန်ပြီးစကားမပြောဖြစ်သေးပေ။chanyeolရဲ့သံသယက baekhyunရဲ့ဝိဥာဉ်ကိုကာကွယ်ပေးထားတဲ့အကာအကွယ်တွေကို အင်အားလျော့စေသည်။ထို့ကြောင့် baekhyunရဲ့ စိတ်တွေက ထွေပြားနေသည်။သူchanyeolကိုချစ်သလောက် chanyeolကတော့ သူ့ကိုမယုံကြည်ဘူးဆိုသည့် သံသယက ထပ်မံဝင်ရောက်လာသောအခါ ဟာကွက်ကိုချောင်းနေသည့် လူတွေအတွက် အခွင့်အရေးတစ်ခုလိုဖြစ်သွားတော့သည်။

ကိုယ်လုပ်တော်byunဝတ်ဆင်သည့် အဝတ်အစားအတိုင်း baekhyunကို stylistတွေက ပြင်ပေးထားသည်။ထိုအတိုင်း ထိုင်ခုံမှာ သူ့seenမရောက်သေး၍ ထိုင်နားနေသည်။သစ်အင်အရိပ်အောက်ရောက်နေုည့်အတွက် baekhyun ထိုင်နေသောနေရာသည် သဘာဝသစ်ရိပ်နဲ့ အေးနေသည်။ဖြတ်ခနဲတိုက်လာသော လေတွေနဲ့အတူ baekhyun ဆေးလိပ်ငွေ့တွေကို ရှူထုတ်လိုက်သည်။

သူ့ရှေ့မှာ ရဲမက်ဝတ်စုံတွေဖြင့် ရိုက်ကူးရေးအတွက်လေ့ကျင့်နေသော လူများရှိနေသည်။ပျင်းရိပျင်းတွဲထိုင်နေသော baekhyunအတွက် သူ့ရှေ့မှာလုပ်နေသောအရာအားလုံးသည် စိတ်ဝင်စားမရှိ။ဒီရက်ပိုင်း ရိုက်ကူးရေးအတွက် စိတ်မပါတာ သူသိသည်။ဒါဟာ chanyeolကြောင့်လား?ဒီရက်ပိုင်းအတွင်း အတင်းလိုက်ကပ်နေတဲ့ honeyကြောင့်လား?ဒါမှမဟုတ် ဒီဇာတ်လမ်းထဲကအကြောင်းအရာတွေကို သူသိနေသလိုဖြစ်နေသောကြောင့်လား?တစ်ချက်တစ်ချက် မေ့နေပြီဖြစ်သော အိပ်မက်ဆိုးတွေကိုပြန်သတိရတိုင်း ထိုအိပ်မက်ထဲကလူကို ဒီဇာတ်လမ်းထဲက မင်းကြီးနဲ့ တူတယ်လို့တောင်တွေးနေမိသေးသည်။

ဒါရိုက်တာကြီးရဲ့ 'ခဏနားမယ်'ဆိုတဲ့ အော်သံအဆုံး chanyeolဆီကို stylistတွေရောက်လာပြီး မိတ်ကပ်တွေ ဆံပင်တွေလာပြင်နေကြသည်။ထိုအချိန်ခဏလေးမှာ သူ baekhyunကိုလှမ်းကြည့်လိုက်သည်။honeyဆိုတဲ့ မိန်းကလေးနဲ့စကားပြောနေသည်မှာ လိုတာထက်ပိုနေပြီး ထိုကောင်မလေးကလည်း chanyeolသိရသလောက်တော့ baekhyunနဲ့စကားပြောတိုင်း baekhyunလက်ကို တွယ်ထားတတ်သည်။ပြီးရင် တရင်းတနှီးစကားပြောနေသည်မှာ သူ့ရည်းစားလိုလို ဘာလိုလို။ဒါကိုပင် အပြုံးတွေဖောဖောသီသီပေးနေသော ချစ်ယောကျာ်းကိုပဲ ကိုက်ဆွဲပစ်ချင်လာသည်။

Death(သေမင်းတမန်တော်)Where stories live. Discover now