5

3K 362 19
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၅

ကင်မရာမီးတွေတဖျက်ဖျက်ကြား ဒီနေ့ပြိုင်ပွဲ၏ winner နှစ်ဦးမတ်တပ်ရပ်နေသည်။

ဒီနေ့သည် mister & miss korea ပြိုင်ပွဲနေသော ညနေပိုင်းအချိန်တစ်ခု ဖြစ်သည်။EXO-CBX အဖွဲ့လည်း ဖျော်ဖြေရန်ရောက်ရှိနေသည်။နိုင်ငံပေါင်း၁၁နိုင်ငံလောက်ပါဝင်ထားသည်ဖြစ်ရာ အနိုင်ရသွားသည့် misterက korea model Song Minhu ဖြစ်ပြီး missကတော့ ဂျပန်နိုင်ငံမှအလှမယ်ဖြစ်သည်။

ကင်မရာမီးတွေတဖျက်ဖျက်ကြား နာမည်ကြီးအနုပညာရှင်တွေနဲ့ ဆုရှင်တွေကိုပါ မိတ်ဆက်ပေးနေတာကြောင့် CBXလည်း ထိုနားတွင်ရောက်နေသည်။

winnerဆုရှင်က သူ့နားတွင်ဝိုင်းနေသော အနုပညာရှင်များကို ပလစ်ကာ CBXရပ်နေသောအနားသို့ရောက်လာသည်။

minhu:မင်္ဂလာပါbaekhyun shi

byun:အာ…ဟုတ်.မင်္ဂလာပါ

baekhyunရိပ်ခနဲမြင်လိုက်ရသော chanbaeအား ကင်မရာမီးတွေကြားကနေ ရှာနေတာမို့လို့ အနားကိုလူရောက်လာတာတောင် မသိဘဲ အလန့်တကြားဖြစ်သွားသည်။

minhu:baekhyun shiရဲ့ပရိတ်သတ်ပါ

byun:ကျေးဇူးတင်ပါတယ်

minhu:baekhyun shiကအပြင်မှာပိုချစ်ဖို့ကောင်းတယ်နော်

byun:ဗျာ…

baekhyunအိုးတိုးအမ်းတမ်းဖြစ်သွားသည်။ဘာပြန်ပြောလို့ပြောရမှန်းပင်မသိတော့။

minhu:ကြွေရုပ်လေးကျနေတာပဲ

အသည်းပုံမျက်လုံးကြီးတွေနဲ့ပြောလာတဲ့ minhuကြောင့် baekhyunမျက်နှာရဲသွားသည်။တစ်ဆက်တည်း ကြောက်စိတ်လည်းဝင်သွားသည်။'chanyeolသာသိသွားရင်……'ဆိုသည့် အတွေးက ခေါင်းထဲချက်ချင်းပြေးဝင်လာသည်။

minhuနှုတ်ဆက်ရန် လက်ကမ်းပေးနေတာကြောင့် baekhyunလည်း ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်ရသည်။

minhuခန္ဓာကိုယ်မှာ ထွက်နေသော ခရမ်းရောင်အငွေ့လှိုင်းတွေကိုတော့ chanbaeသာလျှင် မြင်နိုင်သည်။

chaabae:ငါပြောရင်လည်းငါ့အလွန်ပဲဖြစ်ဦးမယ်။ခမည်းတော်မရှိတဲ့အချိန်ဆိုရောက်ရောက်လာပြီ။သတ္တိမရှိတဲ့ သောက်ဝိဥာဉ်တွေ……။ငါကိုင်ပေါက်ရင်တစ်ခါပေါက်စရာတောင်မရှိဘူး။တန်းပြီးငရဲအိုးထဲချိုးကပ်မဲ့ကောင်တွေ

Death(သေမင်းတမန်တော်)Where stories live. Discover now