16(uni)

333 41 1
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၁၆

kai LAကို fashion showတစ်ခုမှာ မာ်ဒယ်အဖြစ် လျှောက်ရမည်ဖြစ်တာကြောင့် LAသို့ရောက်သွားခဲ့သည်။သူလျှောက်ရမည့် showမှာ သာမန်showတစ်ခုမဟုတ်ဘဲ LGBT fashion showတစ်ခုဖြစ်နေသည်။

ထိုပွဲက ပုံရိပ်များနှင့်တကွ သူဝတ်ခဲ့သော ရောင်စုံ ဝတ်စုံအင်္ကျီနဲ့ igတွင် ပုံတင်ခဲ့သည်။ပြီးတော့

''ယောကျာ်းလေးချစ်သူထားရင် အဆင်ပြေမယ်ထင်လား''

ဆိုတဲ့ caption တစ်ခုပါ အတူတင်ခဲ့သည်။

မကြာခင်မှာပဲ အမျိုးမျိုးသော အမြင်မျိုးစုံတဲ့ commentပေးတာတွေကို တွေ့ခဲ့ရသည်။

တစ်ချို့က ထောက်ခံသည်။အားပေးသည်။
တစ်ချို့က DOနဲ့လား?dika confirmပြီးလားဆိုပြီး အမေးလေးတွေကြောင့် kaiတစ်ယောက် ပြုံးဖြစ်သေးသည်။
တစ်ချို့ကတော့ lgbtကို လုံးဝဆန့်ကျင်သူတွေက ဆိုးဆိုးရွားရွားတွေ မန့်ထားတာတွေ့တော့ kaiတစ်ယောက် data အမြန်offလိုက်ရသည်။

သူအခုချိန်ထိ ထိုသို့သော အပြောများကို သည်းခံနိုင်စွမ်းမရှိသေးပေ။သူသာ အဲ့လိုလုပ်လိုက်ရင် သူ့ရဲ့အနုပညာလမ်းကြောင်းမှာ အမည်းစက်ထင်သွားမည်ကို စိုးရိမ်သည်။EXOရဲ့ နာမည်ထိခိုက်မည်ကိုလည်း စိုးရိမ်သည်။တစ်အိမ်တည်းနေသော သူတို့အတွက် တစ်ယောက်ကgayပြပါက ကျန်သူများကလည်း gay မည်ဆိုပြီး ဟုတ်သည်ရှိ မဟုတ်သည်ရှိ ထင်ကြေးပေးကြလိမ့်မည်။ပြီးတော့ အလင်းရောင်တွေထွန်းလင်းနေသည့် သူ့အနာဂတ် မည်းမှောင်သွားမည်ကို စိုးရိမ်ကြောက်ရွံ့နေသည်။

kaiရဲ့ ig updateကိုတွေ့ပြီး DO ချက်ချင်းရောက်လာခဲ့သည်။

DO:nini ah အဲ့သတင်းကအမှန်ပဲလားဟင်။နောက်ဆုံးတော့ မင်းနဲ့ငါ့ရဲ့ ကိစ္စကို ထုတ်ပြောတော့မှာပေါ့

DOရဲ့စကားကြောင့် kaiမျက်နှာပျက်သွားသည်။DOကတော့ သူ့ရဲ့အဖြေကိုသာလမျှော်လင့်တကြီး စောင့်စားနေသည်။

kai:hyungအထင်လွဲနေပြီ

kaiရဲ့ စကားကြောင့် DOရဲ့ တောက်ပနေသောမျက်လုံးများက နည်းနည်းမှိန်သွားခဲ့သည်။

Death(သေမင်းတမန်တော်)Where stories live. Discover now