4(uni)

477 47 0
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၄

baekhyunလမ်းလျှောက်နေရင်း နန်းတော်တစ်ခု၏ နန်းဆောင်ရှေ့သို့ ရောက်လာခဲ့သည်။လက်ရှိ သူ့တို့ခေတ်ကထိန်းသိမ်းထားသော နန်းတော်မျိုးမဟုတ်ဘဲ ပိုပြီးရှေးကျကာ ပိုပြီးခမ်းနားလှသော နန်းဆောင်အများအပြားကို တွေ့မြင်နေရသည်။

ထိုစဉ် သူ့ရှေ့တွင်ရပ်နေသော လူနှစ်ယောက်။တိတိကျကျပြောရလျှင် အနီရောင်ဝတ်ထားသောမင်းကြီးဖြစ်ဟန်တူသည့် လူတစ်ဦးနှင့် သူ့ရှေ့တွင်ပန်းနုရောင်ဝတ်စုံကိုဝတ်ထားပြီး ဆံပင်ချထားသော ယောကျာ်းလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

byun:ထပ်ပြီးဒီအနီရောင်ဝတ်လူပဲလား

baekhyunထိုသူနှစ်ဦး၏မျက်နှာကို မြင်နိုင်ရန်အနီးကိုကပ်ကာ သေချာသွားကြည့်မိသည်။baekhyunစိတ်ထဲ ထိုမြင်ကွင်းအားရင်းနှီးနေသည်။baekhyunကြည့်နေရင်းမှ အနီဝတ်နဲ့သူက အထုပ်တစ်ထုပ်ကိုကမ်းပေးလိုက်သည်။baekhyunပန်းရောင်ဝတ်နဲ့ကောင်လေး၏ မျက်နှာကိုကြည့်ရန်လုပ်လိုက်တော့ ထိုကောင်လေးမှာ ထွက်သွားခဲ့လေပြီ။ကျန်နေခဲ့သော အနီဝတ်နဲ့သူထံမှ မဲ့ပြုံးလေးပြုံးပြီး ထွက်သွားသောကောင်လေး၏ကျောပြင်ကိုကြည်နေသည်ကိုလည်း baekhyunမြင်လိုက်ရသည်။

baekhyun ဆက်ပြီးလမ်းလျှောက်နေရင်းမှ အရောင်အသွေးစုံလင်သော ပန်းဥယျာဉ်ကြီးတစ်ခုဆီသို့ ျရာက်လာသည်။ကိုယ့်မျက်လုံးကိုယ်မယုံနိုင်တာကြောင့် အမြင်မှားသလားဆိုပြီး မျက်လုံးကိုပွတ်ကြည့်လိုက်ပေမဲ့ သူ့ရှေ့ကမြင်ကွင်းဟာ မပြောင်းမလဲတည်ရှိနေသည်။ဤဥယျာဉ်ထဲတွင် baekhyun တစ်ခါမှတောင်မမြင်ဖူးသော ပန်းပင်မျိုးစိတ်မျိုးစုံကို တွေ့လိုက်ရသည်။

baekhyun ဥယျာဉ်အလယ်ရှိအဆောင်တစ်ခုပေါ်တက်သွားတော့ ခုနကသူတွေ့ခဲ့သော ကောင်လေးပါ ရှိနေသည်။သို့သော် ကောင်းသောတွေ့ခြင်းတော့ မဟုတ်ခဲ့ပေ။သူ့ရှေ့တွင် အလွန်ကြောက်စရာကောင်းစွာ ရုပ်ပျက်ဆင်းပျက်သေနေသော မိဖုရားတစ်ယောက်၏အလောင်း...။

baekhyun သူ့ပါးစပ်ကိုလက်နဲ့ပိတ်ကာ အသံတိတ်အော်လိုက်မိသည်။သိပ်မကြာခင်မှာပဲ ပန်းရောင်ဝတ်နဲ့ကောင်လေးအား ရဲမက်တွေဆွဲခေါ်သွားလေသည်။အခန်းထဲတွင် ကျန်နေခဲ့သည်က baekhyunနှင့် ထိုအမျိုးသမီးအလောင်း.........

Death(သေမင်းတမန်တော်)Where stories live. Discover now