14

2.4K 323 10
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၁၄

chanchin ကုတင်ပေါ်တွင် ဒူးလေးပိုက်ကာထိုင်နေပြီး channieအကြောင်းစဉ်းစားနေသည်။

chanchin:ငါဘာလို့ဘာမှမမှတ်မိရတာလဲ။ကြင်ယာတော်နဲ့ အရှင်မင်းကြီးက သေသွားတာလား။ဒါမှမဟုတ် channieက မသေခဲ့တာလား။သူမသေတာတော့မဖြစ်နိုင်ဘူး။သူ့ကို မိဖုရားလတ်ကိုယ်တိုင် သဂြိုဟ်ခဲ့တာပဲကို။ဘယ်တွေဖြစ်ကုန်တာလဲ

chanchin အတိတ်ကိုမှတ်မိဖို့ အသည်းအသန်ကြိုးစားနေသည်။channieနဲ့ ရင်းနှီးနှီးနေခဲ့ဖူးတဲ့အတိတ်က ရှိခဲ့မှန်း နှစ်ယောက်လုံး ခံစားနေရသည်။

channie:စဉ်းစားမနေနဲ့တော့

chanchin:အမလေး!!!

channieရဲ့ အေးစက်စက်လက်ကြီး channchinပုခုံးပေါ်ရောက်လာတာကြောင့် လန့်ပြီးအော်လိုက်မိသည်။

chanchin:လန့်လိုက်တာchannieရာ။အသံမပေးဘာမပေးနဲ့

channie:ကိုယ်အချစ်ကိုခေါ်နေတာပဲ။ကြားမှ မကြားတာ။တော်တော်လန့်သွားတာလား

chanchin:အင်း

chnachin ရင်ဘက်လေးကိုဖိပြီး အသက်ကိုဖြေးဖြေးရှုနေသည်။

channie:တောင်းပန်ပါတယ်။တစ်ကယ်မရည်ရွယ်ပါဘူး။ကိုယ်က အချစ်ပင်ပန်းနေမှာစိုးလို့ စောစောအိပ်ခိုင်းမလို့ပါ

chanchin:ရပါတယ်။ငါလည်း အတွေးလွန်နေတာပဲကို

channie chanchinဘေးနားဝင်ထိုင်လိုက်ပြီး

channie:အရမ်းမတွေးပါနဲ့။တချို့မှတ်ဥာဏ်တွေက မမှတ်မိရင်ပိုကောင်းတယ်

channie channieခေါင်းလေးကို ဖွဖွလေးသပ်ပေးနေသည်။

chanchin:ဘာလို့လဲ။ငါတို့နှစ်ယောက်က အတိတ်ဆိုးတွေရှိခဲ့လို့လား

channie:ကိုယ်လည်းမမှတ်မိဘူးလေ

chanchin:ဟုတ်ပါတယ်လေ။မသိစေချင်လို့ ဖျောက်ထားတဲ့ မှတ်ဥာဏ်တွေပဲကို။အပင်ပန်းခံပြီးမစဉ်းစားတော့ဘူး

channie:မနက်ကျရင်ရုပ်ရှင်သွားကြည့်ရအောင်

chanchin:ရုပ်ရှင်?

channie:အင်း

chanchin:ငါတစ်ခါမှမကြည့်ဖူးဘူး

channie:chanbaeကမကြည့်ခိုင်းတာလား

Death(သေမင်းတမန်တော်)Where stories live. Discover now