24

2K 289 10
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၂၄

chanyeol ပြန်ရောက်ရောက်ချင်း ဘဝပြောင်းတံခါးတွေဆီသွားပြီး chanchinကိုသွားရှာပေမဲ့ မတွေ့ခဲ့။သူchanchinကို ငယ်ငယ်လေးကတည်းကအမြင်မကြည်ပေမဲ့ အတ္တကြီးတယ်လို့အပြောခံရရင်တောင် chanchinကို chanbaeကနားကိုပြန်ခေါ်လာပေးချင်သည်။chanbaeကြောင့် chanchinကို အနားမှာထားခဲ့တာမှန်ပေမဲ့ အခုလို ရုတ်တရက်ကြီး ခွဲသွားတော့ စိတ်မကောင်းပေ။ပြန်ရောက်ကတည်းက တငိုငိုနဲ့ ငေးငိုင်နေတဲ့ chanbaeကြောင့် chanyeolမှာ ငရဲမင်းဆီလည်းသွားသောင်းကျန်းပြီးပြီ။ရှိသမျှဘဝပြောင်း ဂိတ်တွေကိုလည်း သွားစစ်ပြီးပြီ။ဒါတောင် chanchinအရိပ်လေးတောင်မတွေ့ရ။တစ်ကယ်ပဲ ဒီကောင်လေး အငွေ့အဖြစ်ပျောက်ကွယ်သွားပြီလား?

chanyeol အခန်းထဲကို တံခါးဖွင့်ပြီဝင်လာတော့ chanbaeက ကုတင်ပေါ်မှာထိုင်နေရာကနေထပြီး chanyeolဆီအားကိုးတကြီးပြေးလာကာ လက်တွေကိုဆွဲယူလိုက်ပြီး

chanbae:ခမည်းတော် hyung.hyungကိုတွေ့ခဲ့ပြီလားဟင်

chanyeolမျက်နှာပျက်သွားတာကိုမြင်တော့ chanbaeလက်တွေပြေလျော့သွားသည်။

chanbae:တစ်ကယ်ပဲ hyung သားကိုထားသွားပြီလား

park:ခမည်းတော်တွေ့အောင်ရှာပေးပါ့မယ်

chanbaeမျက်လုံးမှ အနီရောင်သွေးတို့စီးဆင်းလာသည်။ဘာမှမပြောတော့ဘဲ တိတ်ဆိတ်သွားသည့် chanbaeအမူအရာသည် လူသားတ်ူယောက်ဆိုလျှင် စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်။

chanbae:hyungတစ်ကယ်မရှိတော့တာဆိုရင် သူတို့ကိုလည်းအရှင်မထားဘူး

chanbae ကြိမ်းဝါးပြီး ထွက်သွားတာကို chanyeolမတားလိုက်နိုင်။ဒီအခြေအနေမှာ baekhyunအတိတ်မေ့နေသည်က အဆိုးထဲကအကောင်းဖြစ်သွားသည်။မဟုတ်ရင် chanbaeခံစားနေရတာကိုမကြည့်ရက်လို့ဆိုပြီး သူပါ လိုက်ငိုနေမှာမြင်ယောင်သေးသည်။

park:အဲ့ဒါထက် ငါပြင်စရာရှိတာပြင်ဦးမှပဲ

chanyeol ဖုန်းတစ်လုံး laptopတစ်လုံးနဲ့ ချက်ချင်းအလုပ်ရှုပ်သွားသည်။သိပ်မကြာခင်မှာ ရိုက်ကူးရန်ရှိသည့် seriesတစ်ခုအတွက် producerအဖြစ် chanyeol တည်ထောင်ထားသော LOEY production က ရိုက်ကူးမှာဖြစ်တာကြောင့် သူအလုပ်များနေခြင်းဖြစ်သည်။

Death(သေမင်းတမန်တော်)Where stories live. Discover now