23

2K 305 28
                                    

Death(သေမင်းတမန်တော်)
အပိုင်း-၂၃

chanyeolသူ့ရဲ့မီးစွမ်းအားကိုသုံးပြီး ဂူတစ်လျှောက်ကိုလင်းထိန်စေပြီးမှ baekhyunလက်ကိုဆွဲခေါ်သွားသည်။chanbaeကတော့ တဖြေးဖြေးနဲ့ဝေးကွာလာတဲ့ ကျနေခဲ့သော ဂူပေါက်ဝကိုသာ လှည့်ကြည့်လှည့်ကြည့်နဲ့ လိုက်လာသည်။

အမှန်အတိုင်းပြောရရင် chanbae chnchinကိုစိတ်ပူသည်။သူနေခဲ့ရသည့်အကြောင်းအရင်းမှာ ဂျိုဆွန်းနန်းတွင်းထဲဝင်ရမှာကိုမုန်းတာထက် channieကိုတားချင်တာကြောင့်မှန်း chanbaeရိပ်မိသည်။

chanchinဆီမှာ အဆိပ်မှုန့်တွေရှိနေတာကြောင့် အလောင်းကောင်တွေရဲ့ရန်ကလွတ်နိုင်ပေမဲ့ channieကတော့ အဆိပ်ကြောင့်သေခဲ့တာမဟုတ်။ဒါကြောင့် ထိုအဆိပ်က channieပေါ်သက်ရောက်မှုမရှိရင် chanchinကထပ်ပြီး သူ့ထောင်ချောက်ထဲတိုးဝင်သူဖြစ်နေဦးမှာ။

သူဒုတိယအကြိမ်အဖြစ် chanchinကို အဝေးမှာထားခဲ့မိပြန်သည်။ပထမအကြိမ်ကထက်တော့ ဆိုးဆိုးဝါဝါးမဖြစ်နိုင်တော့ပါဘူးလို့ တွေးနေပေမဲ့ သူ့စိတ်တွေကတော့ လေးလံနေတုန်းပဲ။

park:ဒီဂူထဲမှာ ရောဂါကူးစက်သူမရှိတာ ဖြစ်နိုင်ပါ့မလား

chanbae:ဒီထဲမှာသာရှိရင် ဟိုဘက်ကိုပါကူးသွားလောက်ပြီ

byun:သတိတော့ထားရမယ်။ဟိုဘက်ကအခြေအနေကိုမသိတော့လေ

park:ကိုယ်ရှိတယ်

chanyeol baekhyunလက်လေးကိုဆုက်ကိုင်လိုက်ရင်း အားပေးလိုက်သည်။ဘုမသိဘမသိနဲ့ ဒီကမ္ဘာထဲရောက်လာသော baekhyunလေး

byun:မင်းကိုပဲအားကိုးရမှာ

chanyeol baekhyunစကားကို ကျေနပ်သွားသည့်အပြုံးတို့ပြုံးကာ အရှေ့ကိုဆက်သွားနေသည်။

~~~~~~~~

chanchin ဂူအပေါက်ပတ်ပတ်လည်မှာ ဆေးမှုန့်တွေဖြူးလိုက်ပြီး channieအလာကိုစောင့်နေခဲ့သည်။

သိပ်မကြာခင်မှာပဲ ရောဂါကူးစက်ထားတဲ့ ဖုတ်ကောင်တွေက chanchinဆီပြေးလာကြတော့သည်။ဒါပေမဲ့ chanchinဆီမရောက်ခင်မှာပဲ ထိုအကောင်တွေအားလုံး အဆိပ်မှုန့်နဲ့ထိတွေ့ကာ အငွေ့တွေဖြစ်သွားတော့သည်။

channie:တစ်ယောက်တည်းနေခဲ့တာလားchanchin

chanchin:ဘယ်နှယောက်တွေ့လဲ

Death(သေမင်းတမန်တော်)Where stories live. Discover now