အသက်ရှင်ရက်ထွက်လာနိုင်တယ်?...လွတ်လပ်ပြီးအကန့်အသတ်မရှိတဲ့ဘဝ?...what the hell?

ယခုအချိန်မှာတော့သူကရှောင်းချီ၏အကူအညီကိုလိုအပ်နေသေးသဖြင့်ရှောင်းချီကိုစိတ်ကျရောဂါဖြစ်အောင်မလုပ်နိုင်သေးပေ။

ရှောင်းချီကတနည်းနည်းနဲ့လိုင်းကျော်နေပေမဲ့လည်းဒီလိုအခြေအနေမျိုးမှာစကားပြောစရာတစ်စုံတစ်ယောက်ရှိနေသေးတာကလည်းသိပ်မဆိုးဘူးလေပြီးတော့လည်းသူ့ကိုကူညီပေးနိုင်ဖို့ကရှောင်းချီတစ်ယောက်ပဲရှိတာ....

လီလျိုမှာထိုခဏမှာပဲသူ့မှာဒီsystemရှောင်းချီရှိနေသေးသည်ကိုအတော်လေးဝမ်းမြောက်နေမိသည်။အကယ်၍သူ့မှာရှောင်းချီရဲ့လုပ်ဆောင်ချက်စနစ်များသာရှိမနေဘူးဆိုရင်သူနန်းတွင်းအစေခံအားရိုက်နိုင်ပြီးသူ့ပုံစံဝတ်ဆင်လိုက်ရင်တောင်အပြင်မှာရှိသည့်နန်းတွင်းအစောင့်တွေကသူနဲ့ပတ်သတ်ပြီးညှီနံ့တစ်ခုခုရှိနေသည်ကိုသတိပြုမိသွားမည်သာဖြစ်သည်။ထိုသို့ဖြစ်သွားလျှင်သူ့ကိုသုံ့ပန်းအဖြစ်ဖမ်းဆီးထားသည့်ဤခြံဝင်းထဲမှလုံးဝအောင်မြင်အောင်လွတ်မြောက်လာနိုင်မည်မဟုတ်ပေ။

ယခုကညဉ့်နက်နေပြီဖြစ်သောကြောင့် နန်းတော်မှလူအားလုံးသည်လက်ထဲတွင် မီးအိမ်လေးများကိုင်ဆွဲထားကြပြီး အလွန်ဝေးလံသောနေရာမှပင်အလင်းရောင်များစွာကိုမြင်နိုင်နေသည်။အဝေးမှ အလင်းရောင်တစ်ခုနီးကပ်လာသည်နှင့် လီလျိုကအလျင်အမြန်လှည့်ကာ ပုန်းအောင်းရန်နေရာရှာလိုက်သည်။ သူဒီနန်းတော်ထဲကဘယ်သူ့ကိုမှမတွေ့ခြင်ပေ။ပြီးတော့လည်းသူကဒီနန်းတော်ထဲက စည်းမျဉ်းတွေကိုနားမလည်သောကြောင့်အကယ်၍့များအဆင့်မြင့်ပုဂ္ဂိုလ် တစ်ယောက်ယောက်နှင့်တွေ့ဆုံခဲ့ရင် သူကထိုလူအားရိုးရာနှုတ်ဆက်နည်းများဖြင့်နှုတ်ဆက်ရမှာဖြစ်ပြီးတကယ်လို့သူ့ရဲ့တုံ့ပြန်မှုနောက်ကျတာပဲဖြစ်ဖြစ်အချိန်ဆိုင်းငံ့မိတာပဲဖြစ်ဖြစ်ဖြစ်သွားပါကမကောင်းတာတွေဖြစ်သွားနိုင်သည်။

လမ်းတစ်လျှောက်လုံးလီလျိုက ဂရုတစိုက်ဖြင့်သတိထားကာ အရှေ့ဘက်သို့ဆက်တိုက်ရှောင်နေရင်း အနောက်ဘက်သို့ပုန်းအောင်း နေခဲ့ရသောကြောင့်သူ့အားအချိန် နှစ်နာရီမျှကုန်ဆုံးစေခဲ့သည်။ ျနာက်ဆုံးမှာတော့ရှောင်းချီပြောသည့် နန်းတွင်းနန်းဆောင်အတွင်းမှဥယျာဉ်ကြီးထဲမှာရှိသည့်လျိုဝှက်ဥမင်ကြီးဆီသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLUnde poveștirile trăiesc. Descoperă acum