Unicode
Return to the University (1)
လီလျိုရဲ့မှုန်ဝါးနေသောအသိစိတ်ကအချိန်အတော်ကြာသည်အထိအမှောင်ထုထဲမှာမျောလွင့်နေသည်။အချိန်ဘယ်လောက်ကြာအောင်ကုန်ဆုံးသွားလည်းမသိနိုင်တဲ့အချိန်မှာပဲအသိစိတ်ပြန်ရလာ၏။
အစောတုန်းကထိုဝိဉာဏ်ကိရိယာအားချူးဝူရုံကိုလက်လွှဲပေးပြီးနောက်သူ့ကိုယ်ကိုရှောင်းချီထိန်းချုပ်လို့ရအောင်ချက်ချင်းပေးလိုက်ခြင်းဖြစ်သည်။မူလကတော့ယခင်ကမ္ဘာနှစ်ခုတုန်းကလိုပဲအဲ့ဒီကမ္ဘာကနေအလွယ်တကူထွက်ခွာလို့ရလိမ့်မယ်လို့ထင်ခဲ့မိသည်။
သို့သော်ရှောင်းချီကသူ့ခန္တာကိုယ်ကိုထိန်းချုပ်ပြီးသူ့ကိုယ်သူဖောက်ခွဲလိုက်တဲ့အချိန်မှာတော့ပြင်းထန်တဲ့နာကျင်မှုကိုခံစားရပြီးသူ့ကိုအားနည်းသွားစေသည်။ထိုကဲ့သို့သောနာကျင်မှုမျိုးကလီလျိုအားသတိလစ်မေ့မြောသွားစေသည်အထိပင်။
လီလျို,သူ့မျက်လုံးများကိုဖွင့်လိုက်တဲ့အချိန်ရင်းနှီးနေတဲ့သူ့အခန်းမျက်နှာကျက်ကိုမမြင်ရပဲအဲ့ဒီအစားကားထဲမှာနဲ့ပိုတူနေသည်။
လီလျိုကချက်ချင်းသူ့မျက်လုံးကိုလှည့်လိုက်ပြီးအရှေ့မှာမောင်းနေတဲ့သူကိုကြည့်လိုက်သောအခါအညိုရောင်နေကာမျက်မှန်နှင့်လှပသည့်အနီရောင်ဝတ်စုံအားဝတ်ဆင်ထားသည့်လီနင်ကိုသာမြင်လိုက်ရသည်။
လီလျိုရဲ့အကြည့်ကိုသတိပြုလိုက်မိဟန်ဖြင့်လီနင်ကခေါင်းကိုအနည်းငယ်စောင်းလာပြီးလီလျိုအားတစ်ချက်ကြည့်လိုက်သည်။ပြီးမှစကားပြောလာ၏။
"ရှောင်းလျို,နိုးလာပြီလား?ငါတို့ကျောင်းရောက်ခါနီးနေပြီ,ပြီးတော့နင်အခုမှနိုးလာတာဆိုတော့မြန်မြန်လေးလည်ပင်းစိုအောင်လုပ်လိုက်ဦး"
ကျောင်း?
လီလျိုရဲ့စိတ်ကပိုပိုပြီးရှုပ်ထွေးလာသည်။
ဘာလို့သူ့အမကသူ့ကိုကျောင်းခေါ်လာတာလဲ?ပြီးတော့သူတို့ဘယ်ကျောင်းကိုသွားနေတာလဲ?
[ကြီးမြတ်တဲ့hostရေ,အဲ့ဒီကမ္ဘာကနေအတင်းအကြပ်ထွက်လာရတဲ့အထူးတလှယ်အခြေအနေကြောင့်ရှောင်းချီကစွမ်းအင်တော်တော်များများကိုhostခံစားရမယ့်နာကျင်မှုသက်သာအောင်ပြုလုပ်ပေးပြီးhostရဲ့ဝိံဉာဉ်ထိခိုက်ပျက်စီးမှုကနေကာကွယ်ပေးဖို့အသုံးပြုလိုက်ရပါတယ်...အခုချိန်မှာတော့hostကမူလဖြတ်သန်းရမယ့်ဖြစ်နိုင်ခြေရဲ့သုံးပုံတစ်ပုံကိုဖြတ်သန်းလိုက်ရတာကြောင့်နှစ်အနည်းငယ်စောပြီးပြန်ရောက်လာရတာပါ...systemကလည်းစွမ်းအင်အများကြီးသုံးလိုက်ရတာကြောင့်hostကိုရက်အနည်းငယ်လောက်ထိတော့လက်ရှိအချိန်နဲ့နေရာဆီပြန်ခေါ်ပေးဖို့မဖြစ်နိုင်သေးပါဘူး...ကျေးဇူးပြုပြီးစိတ်ရှည်ပေးပါနော်]
YOU ARE READING
(Completed )The Transmigration Routine of Always Being Captured by ML
Randomမနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တိုက်ခိုက်ခြင်းအားခံရသည်။ ML ရဲ့ညီငယ်လေးပဲဖြစ်ဖြစ်၊ဆရာပဲဖြစ်ဖြစ်ပြိုင်ဘက်ပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အဆုံးမှာတော့အမြဲတမ်း ML ရဲ့အတင်းအဓမ္မခေါ်ဆေ...