Unicode
Return to the University (2)
လီလျိုသတင်းပို့ပြီးနောက်သူ့ကိုအဆောင်လိုက်ပို့ပေးသည့်နောက်ထပ်ကျောင်းသားတစ်ယောက်ရှိသေးသည်။
လီလျိုကဒီတက္ကသိုလ်ကိုခြေမချဖြစ်တာသုံးနှစ်နီးပါးကြာမြင့်ခဲ့ပြီဆိုသော်လည်း၎င်းသည်သူလေးနှစ်ကြာနေထိုင်ခဲ့သည့်နေရာဖြစ်နေဆဲပင်။သူမလာတာအရမ်းကြာနေပြီဆိုရင်တောင်ဒီနေရာကမြက်ပင်တိုင်းသစ်ပင်တိုင်းကသူ့မှတ်ဉာဏ်ထဲမှနက်ရှိုင်းသောနေရာမှာအမြစ်တွယ်နေခဲ့ပြီဖြစ်သည်။
သူ့ကိုလမ်းပြပေးတဲ့ဒီစီနီယာရဲ့ဦးဆောင်မှုမရှိရင်တောင်သူ့အခန်းကဘယ်အထပ်မှာလဲဆိုတာနဲ့နံပါတ်ဘယ်လောက်လဲဆိုတာကိုသူရှာနိုင်သည်။
လီလျိုကအခုမှတက်ရောက်ကြမယ့်တစ်ခြားကျောင်းသားလေးများကဲ့သို့စီနီယာနောက်ကလိုက်နေရင်းဖြင့်ဘေးပတ်ဝန်းကျင်ကိုလျှောက်ကြည့်နေသည်။တစ်ခုပဲ..တစ်ခြားကျောင်းသားလေးတွေကသူတို့လေးနှစ်လောက်နေရမယ့်ကျောင်းကိုစိတ်ဝင်စားလို့ကြည့်နေတာဆိုပေမယ့်သူကတော့သူ့မှတ်ဉာဏ်ထဲကမြင်ကွင်းကိုလွမ်းဆွတ်တမ်းတစိတ်နဲ့ကြည့်နေခြင်းသာ
အခုကသုံးနှစ်လောက်ကြာသွားပြီဖြစ်ပြီးNတက္ကသိုလ်ရဲ့အသေးစိတ်အကြောင်းအရာတော်တော်များများကိုမေ့သွားခဲ့ပြီဆိုပေမယ့်ဒီရင်းနှီးနေတဲ့မြင်ကွင်းကိုတစ်ချက်ကြည့်ရုံနဲ့သူ့မှတ်ဉာဏ်တွေကပိုမိုနက်ရှိုင်းလာခဲ့သည်။
****
မကြာခင်ပဲစီနီယာကလီလျိုကိုတက္ကသိုလ်အဆောင်များဆီသို့ခေါ်လာခဲ့ပြီးငါးလွှာသို့တက်သွားကာအခန်း(၅၀၅)သို့ရောက်လာသည်။
သူတို့ရဲ့ဦးတည်ရာကိုရောက်လာပြီးနောက်စီနီယာကအချိန်ကြာကြာမနေတော့ပေ။လီလျိုကိုသူတို့ရောက်ပြီဖြစ်ကြောင်းပြောပြီးသည်နှင့်တစ်ခြားအငယ်တန်းလေးများကိုကူညီရန်ချက်ချင်းပြန်ထွက်သွားသည်။
လီနင်ကအခန်းတံခါးကိုကြည့်ပြီးအရွှမ်းဖောက်သည်။
"ပတ်ဝန်းကျင်ကမဆိုးဘူးပဲ...နင့်ရဲ့အမကြီးကောလိပ်လာတတ်တုန်းကဆိုရင်အိပ်ယာရဲ့အရှည်ကအထက်တန်းကျောင်းတုန်းကလောက်ပဲရှိတာ...ဒီအခန်းအခြေအနေကတော့အဲ့ဒီတုန်းကနင့်အမထက်အများကြီးသာတယ်"
YOU ARE READING
(Completed )The Transmigration Routine of Always Being Captured by ML
Randomမနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တိုက်ခိုက်ခြင်းအားခံရသည်။ ML ရဲ့ညီငယ်လေးပဲဖြစ်ဖြစ်၊ဆရာပဲဖြစ်ဖြစ်ပြိုင်ဘက်ပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အဆုံးမှာတော့အမြဲတမ်း ML ရဲ့အတင်းအဓမ္မခေါ်ဆေ...