Unicode
Arc(3.38) - Final
မှောင်မိုက်နေသောဥမင်တစ်ခုထဲတွင်ငွေလရောင်လိုဓားအလင်းတစ်ချက်ကရုတ်တရက်လင်းသွားပြီးဂူတစ်ခုလုံးကိုချက်ချင်းထွန်းလင်းသွားစေသည်။
တောင်သေးတစ်ခုလောက်ရှိသည့်ဧရာမသားရဲကြီးတစ်ကောင်ကမြည်ဟီးလိုက်ပြီးသူ့ကိုယ်မှရေတံခွန်ကဲ့သို့များပြားလှသည့်သွေးများချက်ချင်းစီးကျလာသည်။၎င်း၏ပုံးအရွယ်မျက်လုံးနှစ်လုံးကတော့သူ့ရှေ့မှာရပ်နေသည့်သေးငယ်သောကျင့်ကြံသူနှစ်ယောက်အားမကျေမနပ်စိုက်ကြည့်နေ၏။
ဧရာမသတ္တဝါကြီးဒေါသတကြီးဟိန်းဟောက်လိုက်ပြီးသူ့ကိုဒဏ်ရာရအောင်လုပ်တဲ့ကျင့်ကြံသူအားပြေးဝင်၍ကိုက်ဖြတ်ပစ်ချင်နေသည်။သူ့အသံထဲမှာတိုက်ခိုက်နိုင်စွမ်းတွေသယ်ဆောက်ထားပြီးဂူနံရံတစ်ခုလုံးရှိကျောက်တုန်းများပါတုန်လှုပ်သွားသည်သာမကဂူတစ်ခုလုံးကအဆက်မပြတ်တုန်ယင်လာ၏။
ချူးဝူရုံသည်မြေပြင်ပေါ်မှာခိုင်မြဲစွာရပ်တည်နေပြီးဂူတစ်ခုလုံးတုန်ယင်နေတာတောင်သူ့ရဲ့ရပ်တည်မှုကအနည်းငယ်ပင်ပြောင်းလဲခြင်းမရှိပေ။သူ့လက်ထဲမှာလူတစ်ယောက်အရပ်ထက်ပိုရှည်သည့်ဓားရှည်ကြီးတစ်ချောင်းကိုကိုင်ထားပြီးဓားရဲ့မျက်နှာပြင်ပေါ်မှာချူးဝူရုံရဲ့ချောမောခန့်ညားပြီးအမူအယာမဲ့သည့်မျက်နှာကထင်ဟပ်နေသည်။သူ့လက်ထဲကဓားကြီးသည်လည်းအနည်းငယ်တုန်ယင်နေပြီးတိုက်ပွဲကြောင့်ပျော်ရွှင်နေသည့်ပုံပင်။
ဧရာမသားရဲကြီးရဲ့မျက်လုံးနှစ်လုံးကသွေးနီရောင်အဖြစ်ပြောင်းလဲလာတာကြောင့်ထိန်းချုပ်မရတဲ့ဒေါသတကြီးအဆင့်ကိုဝင်ရောက်သွားပြီဆိုတာသိသာနေသည်။သူကသူ့ရှေ့ခြေထောက်ကြီးနှစ်ချောင်းအားမြေပြင်ပေါ်သို့နှစ်ခေါက်လောက်ရိုက်လိုက်ပြီးနောက်သူ့ရှေ့မှာရပ်နေသည့်ချူးဝူရုံထံပြေးဝင်သွားသည်။
သူ့အရေခွံအပြင်ဘက်ကကျောက်တုန်းကဲ့သို့အကြေးခွံကြီးကတိုးချဲ့ပြီးများပြားလာတာကြောင့်သူ့တစ်ကိုယ်လုံးသည်ကြီးမားသည့်ကျောက်တုန်းကြီးတစ်တုံးလှိမ့်လာသည်နှင့်တူစေသည်။
YOU ARE READING
(Completed )The Transmigration Routine of Always Being Captured by ML
Randomမနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တိုက်ခိုက်ခြင်းအားခံရသည်။ ML ရဲ့ညီငယ်လေးပဲဖြစ်ဖြစ်၊ဆရာပဲဖြစ်ဖြစ်ပြိုင်ဘက်ပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အဆုံးမှာတော့အမြဲတမ်း ML ရဲ့အတင်းအဓမ္မခေါ်ဆေ...