Unicode
Arc(1.33)
The Wild Dragon Proud Day
လီလျိုကချင်ယုရဲ့ပေါင်ပေါ်မှာထိုင်နေရင်းသူ့ခါးကိုတော့ချင်ယုကကိုင်ထားကာသူတို့ရှေ့ကစားပွဲတွင်စားသောက်စရာများဖြင့်ပြည့်နှက်နေသည်။လီလျိုမှာချင်ယုရဲ့ခြေထောက်ပေါ်ကနေထခြင်သော်လည်းသူ့ခါးကိုဖက်ထားသည့်လက်များကသံကြိတ်ဆုံကြီးနှင့်တူလှပြီးလုံးဝကိုဆွဲဖယ်ဖို့မဖြစ်နိုင်ပေ။
ရလဒ်အရတော့လီလျိုမှာချင်ယုရဲ့ပေါင်ပေါ်တွင်ကိုယ်လုံးတီးဖြစ်လုနီးပါးခန္တာကိုယ်နှင့်အနေခက်စွာပဲထိုင်နေရတော့သည်။လီလျိုရဲ့လက်များကသူ့ခြေထောက်ကြားကိုဖုံးအုပ်ထားပြီးသူ့မျက်နှာကတော့လောင်ကျွမ်းတော့မတတ်ပင်ခံစားနေရသည်။
သူ့ကိုပွေ့ဖက်ထားရင်းဖြင့်အစားအစာတွေကိုတူနဲ့ယူပြီးသူ့ပါးစပ်ထဲတိုက်ရိုက်ခွံ့ပေးနေတဲ့ချင်ယုကိုထည့်မပြောသေးဘူး။
အစပိုင်းတုန်းကတော့လီလျိုကချင်ယုသူ့ကိုခွံကျွေးနေခြင်းအပေါ်ခုခံသော်လည်းချင်ယုကအစားအသောက်များအားပါးစပ်ထဲထည့်ပြီးသူ့ခေါင်းကိုဆွဲလို့နက်နက်ရှိုင်းရှိင်းနမ်းရင်းသူ့ပါးစပ်ထဲသို့တိုက်ရိုက်လွှဲပြောင်းပေးတဲ့အခါတော့သူဒီအတိုင်းပဲအရှုံးပေးလိုက်တော့သည်။
"ဗိုက်ပြည့်ပြီလား?"
ချင်ယုရဲ့ခပ်နိမ့်နိမ့်ဖြင့်သံလိုက်လိုအသံကလီလျို၏နားနားတွင်ပဲ့တင်ထပ်သွားသည်။
လီလျိုရဲ့ခန္တာကိုယ်ကတောင့်တောင့်လေးဖြစ်သွားပြီးချင်ယုရဲ့မေးခွန်းကိုပြန်မဖြေမိကေ။သူ့အဖြေကဗိုက်ပြည့်သည့်ဖြစ်စေမပြည့်သည်ဖြစ်စေဘယ်အဖြေမဆိုမှားလိမ့်မယ်လို့ခံစားနေရသည်လေ။ထိုခဏမှာသူတကယ်ပဲချင်ယုဘာတွေးနေတာလဲဆိုတာကိုခန့်မှန်းလို့မရတာဖြစ်ပြီးဖြစ်နိုင်တာကသူချင်ယုရဲ့တကယ့်စိတ်ကိုတစ်ခါမှမမြင်ဘူးတာလည်းဖြစ်နိုင်သည်။
အချိန်တော်တော်ကြာသည်အထိလီလျိုကပြန်မဖြေသည်ကိုတွေ့သောအခါချင်ယုကခပ်ဟဟရယ်လိုက်ပြီးသူ့အကြည့်ကလီလျိုရဲ့နောက်ကျောဘက်တင်ပါးအပေါ်သို့အရောက်မှာတော့သူ့မျက်လုံးထဲကနက်မှောင်မှုကပိုလို့ပြင်းထန်လာခဲ့ရသည်။
YOU ARE READING
(Completed )The Transmigration Routine of Always Being Captured by ML
Randomမနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တိုက်ခိုက်ခြင်းအားခံရသည်။ ML ရဲ့ညီငယ်လေးပဲဖြစ်ဖြစ်၊ဆရာပဲဖြစ်ဖြစ်ပြိုင်ဘက်ပဲဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အဆုံးမှာတော့အမြဲတမ်း ML ရဲ့အတင်းအဓမ္မခေါ်ဆေ...