အပိုင်း ၂၀

Start from the beginning
                                    

"လီး Mann ငါကသူ့မိန်းမမဟုတ်ဘူး နောက်ကျရတဲ့အထဲ ကျက်သရေ စောက်ရမ်းတုန်းတယ်"

တကယ်ပါ ဒီကောင်တွေက အရမ်းကျက်သရေ တုန်းတယ်။ Tine ဆိုအရမ်းစကြတယ်။

"ငါသွားပီ wat"

"အင်း အတန်းဆင်းရင်တွေ့မယ်"

"အယ်~~~~~~~"

"မစနဲ့ မင်းတို့ တော်တော့ ရှက်နေပီသူ"

Tine ကတော့ အရမ်းရှက်နေပါတယ်။ရှက်ယန်းယန်းပြီး သုတ်သုတ်နဲ့ ထွက်သွားတယ်။

"ကဲအခြေအနေလေး ပြောပါအုံး အဖေ"

"အေး မဆိုးပါဘူး မနေ့က မွေးနေ့ကတော့ အပျော်ဆုံးပဲ"

"နောက်ဆုံးတော့ လူပျိုမဟုတ်တော့ဘူးပေါ့"

"ကြာပေါ့"
အရမ်းပျော်နေမိတယ် ဘာမှန်းမသိတဲ့ ခံစားချက် Tine ကြောင့်ဖစ်လာတဲ့ ခံစားချက်တွေ ဒီကမ္ဘာမှာ Tine အချစ်ကိုရခဲ့ရင် ကံအကောင်းဆုံးသူ ကကျွန်တော် ဖြစ်မယ်ထင်တယ်။
_________________
"Tine အတန်းတွေလဲ ခဏခဏပျက်ထားတယ်နော် သား မင်းစာတွေပျက်မယ် ဂရုစိုက်"

"ဟုတ် ချယ်"

ဆရာမကတော့ ထုံစံအတိုင်း သတိပေးပီး အခန်းထဲက ထွက်သွားတယ် ကျွန်တော်ကတော့ တမိုင်မိုင်နဲ့ အတန်းထဲမှာ ကျန်ခဲ့တာပေါ့။

"Tine မင်း နေမကောင်းဘူးလား ဒီရက်ပိုင်း မင်းကြည့်ရတာ တစ်မျိုးပဲ"

အားလုံးကို မပြောပြရင်တော့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို ရင်ဖွင့်ချင်သေးသည်။

"ဒီညသောက်ကြရအောင် "

"အိုကေလေ"

Wat ကို မပြောဘဲ ၄ယောက်သား ထိုင်နေကြ ဘားမှ ကောင်မလေးတွေ ငမ်းလိုက် ဟိုကြည့် ဒီကြည့်နဲ့ မှောင်လာလေလူတွေကများလာလေပဲ။ တော်သေးတော့ ကိုယ့်အခန်းနဲ့ ကိုယ်ဆိုတော့ အေးဆေးတယ်။

"ကဲ ငါတို့အသဲလေးပြောပါအုံး မင်းကြည့်ရတာ စိတ်ချမ်းသာ စရာ တစ်ကွက်မှ မတွေ့ဘူး"

"ငါ Wat ကိုချစ်မိသွားပီ"

"ဗု ဒေါ !! ဟျောင့် မင်းဘယ်ချိန်က ယောကျာ်းလေးတွေ စိတ်၀င်စားသွားတာလဲ"

Be My BoyfriendWhere stories live. Discover now