Chapter 9 : အရမ်းတွေးနေမိတာလား?

Começar do início
                                    

ဒေါသဟာ သူမရင်ထဲမှာ လောင်ကျွမ်းနေပေမယ့် LinQiရဲ့မျက်နှာထားကို တစ်ချက်ကြည့်အပြီးမှာတော့ သူမဒေါသကို ချက်ချင်း ချိုးနှိမ်ပစ်လိုက်တယ်
ငါးတစ်ဖတ်ကို အေးအေးဆေးဆေး ယူလိုက်စားပြီး သူမနှုတ်ခမ်းကို သုတ်ကာ SuLe ဖြည်းဖြည်းချင်း စကားပြောလာတယ်
" ကျွန်မတို့ကမိတ်ဆွေတွေလေ
ရှင်က ကံကောင်းပြီး LinQi လို မိန်းမကောင်းလေးကို ရှာတွေ့ထားမှတော့
ကျွန်မက သိပ်ကို အဆင်ပြေတာပေါ့''

တစ်ခါတစ်လေကျ ''ဖူးစာပါတဲ့အတွဲ'' ဆိုတဲ့စကားစုလေးကတောင် သိက္ခာကျစေတယ်
အဲ့ဒီစကားကိုကြားပြီး LinQi နဲ့ ZhaungWei ရဲ့အမူအရာတွေ ပိုပိုပြီး ပျက်ယွင်းလာပုံရတော့ အနည်းဆုံး သူတို့အပေါ်တော့ သက်ရောက်မှုရှိပုံရတယ်

"နင်နဲ့ စီနီယာ Wei တွဲဖြစ်သွားတာနဲ့ယှဉ်ရင်
ဒါက အသေးအဖွဲလေးပါ ''
LinQi ရဲ့ ကောင်းမွန်တဲ့သွင်ပြင်မှာ ပျက်ရယ်ပြုလိုတဲ့ အရိပ်အမြွက်တွေ ပါဝင်နေတယ်

"ငါတို့က မိတ်ဆွေတွေဆိုပေမယ့်လည်း
နင်နဲ့ စီနီယာWei တွဲဖြစ်နေတာကိုတောင် ငါမသိခဲ့ဘူး ဘယ်တုန်းကတွဲဖြစ်သွားကြတာလဲ ''

SuLe ကြက်သေသေသွားခဲ့တယ်
သူမနဲ့ WeiChu ကဘယ်တုန်းက အတွဲတွေဖြစ်သွားကြတာလဲ... ?
ဒီလို အရေးကြီးတဲ့ကိစ္စမျိုး....
သူမက လူတွေပြောနေကြတဲ့အတွဲဆိုတဲ့ထဲက တစ်ယောက်ဖြစ်နေတာကို ဘာလို့ ဘယ်သူမှ သူမကို သတိမပေးကြတာလဲ....?

WeiChu ဟာ အများသုံးတူတစ်စုံကိုသုံးပြီး
SuLe ပန်းကန်လုံးထဲကို အပိုနံရိုး၂ချောင်းထည့်ပေးလိုက်တယ်
" ကိုယ်အရင်က တစ်ခါမှ မင်းအကြောင်းကို
SuLe ပြောတာ မကြားဖူးဘူး
ဟုတ်သားပဲ မင်းလည်းကိုယ့်ကို စီနီယာလို့ခေါ်တာပဲ
မင်းက ကိုယ်တို့ တက္ကသိုလ်က ကျောင်းသူလား''

LinQi အပြုံးဟာ အနည်းငယ် ရှုံ့တွသွားတယ်
"စီနီယာ Wei မမှတ်မိဘူးလား
စီနီယာ ကျောင်းသားသမ္မဂ ဥက္ကဋ္ဌ အဖြစ်ရှိစဉ်ထဲက
ညီမက အဲ့က အဖွဲ့ဝင်လေ ''

WeiChu ဟာ sprite ကို ပါးစပ်အပြည့်သောက်လိုက်ပြီး ယဉ်ကျေးပျူငှါစွာ ပြုံးပြကာ
" စိတ်မရှိပါနဲ့ ကိုယ်မမှတ်မိဘူး
အဲ့တုန်းက ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေက အများကြီး ပြီးတော့ အဖွဲ့ဝင်တွေကလည်း အရမ်းများတော့ လေ ''

''Hello wife'' ** Myanmar Translation **Onde histórias criam vida. Descubra agora