နောက်ဆုံးမှာတော့ လင်ရှုယီက အဖိုးအိုယန်ရဲ့အလုပ်ကို တရားဝင်လွှဲပြောင်းယူခဲ့ပြီး သူက ဒီနေရာအတွက် လုံးဝကိာအရည်အချင်းမှီနေပြီဖြစ်သည်။ သူက မနက်တိုင်းထကာ ဟင်းချိုနဲ့ ဆော့စ်လုပ်တတ်ပြီး အဖိုးအိုယန်ကတော့ အနည်းငယ်အချိန်ဆွဲကာ နှစ်နာရီလောက်ပိုအိပ်နိုင်လေသည်။

အဖိုးအိုယန်က ပိုက်ဆံတွေကို တစ်ဝက်စီမခွဲခင် သေသေချာချာရေတွက်လိုက်သည်။

"ရှောင်ယီ...ဒီကို ခဏလောက်လာပါဦး။"

လင်ရှုယီက အခုလေးတင် မီးဖိုချောင်မှာ ဟင်းချိုပြုတ်နေတာဖြစ်ပြီး သူက အဖြူ ရောင်ချည်ထည် T-shirt၊ အပြာနုရောင်ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကာ ရယ်စရာကာတွန်းဝက်ဝံတစ်ကောင်ပုံပါတဲ့ အေပရွန်ကိုလည်း ထပ်ဝတ်ထားသေးသည်။

"ဘာလုပ်ပေးရမလဲ အဖိုး?"

အဖိုးအိုယန်က ဒီကြင်နာတတ်ကာ ချောမောတဲ့လူငယ်လေးကို အားရပါးရပြုံးပြလိုက်ပြီး ပိုက်ဆံတွေ ပေးလိုက်လေသည်။

"ရှောင်ယီရဲ့လစာ။"

လင်ရှုယီ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ အဖိုးအိုယန်ရဲ့ လက်ထဲကပိုက်ဆံတွေက ခါတိုင်းနဲ့စာရင် များနေသည်။ သူဘယ်လိုလုပ် မပြောဘဲနေနိုင်မှာလဲ?

"အဖိုး..အရမ်းများလွန်းနေတယ်။"

အဖိုးအိုယန်က လင်ရှုယီရဲ့လက်ထဲကို ပိုက်ဆံတွေထိုးထည့်ပေးလိုက်သည်။

"လူလေး ဘယ်လိုပြောလိုက်တာလဲ? ဒါက မများပါဘူး။ အခုဆို လူလေးက အဖိုးကို အကုန်လုံးကူညီနေတာ..။ ဒါကြောင့် ဒီပိုက်ဆံတွေရတာပဲ။ လူလေးမယူချင်ဘူးဆိုရင် အဖိုး လူလေးကို ဘာမှထပ်လုပ်ခိုင်းရဲမှာမဟုတ်တော့ဘူး။"

အဆုံးမှာတော့ လင်ရှုယီက ဒီကမ္ဘာကလူမဟုတ်ပေ။ ပိုက်ဆံက အသုံးဝင်တယ်ဆိုတာ သူသိပေမယ့်လည်း ပိုက်ဆံနဲ့ပတ်သက်လို့ သူ့မှာ အစွန်းရောက်တဲ့အတွေးအမြင်တွေ ဘယ်တုန်းကမှမရှိခဲ့ချေ။ ဒါကြောင့် သူ့စိတ်ထဲမှာတော့ အဖိုးအိုယန်ပျော်နေသရွေ့ သူက သူ့ကိုပိုက်ဆံဘယ်လောကိပဲပေးပေး ကိစ္စမရှိပေ။ ရလဒ်အနေနဲ့ လင်ရှုယီက ပိုက်ဆံတွေကို မငြင်းတော့ဘဲ သူ့အိတ်ကလေးထဲထည့်လိုက်လေသည်။

I'm a Chef in the Modern Era [Myanmar Translation]Kde žijí příběhy. Začni objevovat