ရှီကျင်းသည်​ သူ့အားကြည့်​ပြီး
မြင်​​တွေ့သည်​များကို မလျိုဘဲ 
တောင်​နံ​ဘေးအား ညွှန်​ပြကာဆိုသည်​။

"အခု​လေးတင်​ Gua Sanက ကျွန်​​တော့်​ကို
ငါတို့က ရိုးသားတဲ့စီးပွား​ရေးသမား​တွေပါလို့
ပြောလိုက်​တယ်​။ရိုးရှင်းတဲ့လူမျိုးဆို ဒီလို
ကာကွယ်​​စောင့်​ကြပ်​ဖို့ လွယ်ကူပင်​မဲ့ 
တိုက်​ခိုက်ခံ​ရဖို့ခက်​ခဲ​အောင်
တည်​​ဆောက်​ထားလိမ့်​မလား။
ဝင်​​ပေါက်​ရဲ့တစ်​ဖက်​တစ်​ချက်​စီတိုင်းမှာ
 အ​စောင့်​​တွေထားထားတယ်​ ပြီး​တော့
လက်​နက်​​တောင်​ကိုင်​​ဆောင်​ခွင့်​ပြုထားတယ်​?"

Gua Erသည်​ မျက်​ခုံးတို့ပင့်​ကြည့်​ကာ
သူ၏သွားဖြူဖြူ​များ​အား ​ဖော်​ပြလျက်
ရယ်​​လေသည်​။

"​နေရာအ​ခြေ​အ​နေက ဒီလိုလုပ်​ဖို့ ငါတို့ကို
တွန်းအား​ပေးလို့ပါ။ငါတို့က နယ်​စပ်​နဲ့
နီးတယ်​​လေ။ဒါ​ကြောင့်​ ဒီ​ဒေသက သိပ်​မလုံခြုံဘူး"

ချီးကို ​နေရာ​အ​ခြေအ​နေ​ကြောင့်​..

ရှီကျင်းသည်​ မျက်​လုံးလှန်​လိုက်​ကာ
ဘာစကားမှပြန်​မ​ပြောလိုက်​​သော်​လည်း
ဒီ​နေရာက လူများသည်​ သူ့အား
အပြည့်​အဝမယုံကြည်​​သေး​ကြောင်း သူသိလိုက်​သည်​။
ထို့​ကြောင့်​ ​ခေါင်းစဉ်​​ပြောင်းကာ

"ခင်​ဗျားလက်​ထဲကဟာက ဘာကြီးလဲ"

"ဒါက ငါတို့သစ်​သီးခြံရဲ့​ကြော်​ညာဘုတ်​ပြား​လေ"
အနီးဆုံးရှိ ကုန်​တင်​ကားဆီသွားလျက်
ဘုတ်​ပြားအားပိတ်​ပြီး ပြန်​​ဖြေသည်​။
ရှီကျင်းဘက်​သို့ ပြန်​လှည့်​ကြည့်​ကာ ​ပြောသည်​။

"ဘာလဲ ဒါစိတ်​ဝင်​စားဖို့​ကောင်းလို့လား။
အဲ့အကြံက ငါ​ပေးခဲ့တာ​လေ။ မိုက်​တယ်​မလား"

အရင်​ကတည်းက လူ​တော်​​တော်​များများက
ဒီလိုပဲ ​ကြော်ညာ​နေပြီ မဟုတ်​ဘူးလား?

သို့​သော်​ ရှီကျင်းသည်​ ထိုစကားများအား
မြိုချကာ ​မေးလိုက်​သည်​။
"ကျွန်​​တော်​တို့ ဘယ်​အချိန်​ထွက်​မှာလဲ။
ပြီး​တော့ဘယ်​​နေရာကို အဲ့အသီး​တွေ
ပို့​ပေးရမှာလဲ"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Waar verhalen tot leven komen. Ontdek het nu