အပိုင်း ၁၂

Start from the beginning
                                    

"Wat ငါတောင်းပန်ပါတယ်" သူပြောတဲ့ တိုးတိုးလေး အသံက ကျွန်တော့်ကို မျက်ရည်ကျစေလောက်တဲ့အထိ...

မင်းဘာဖြစ်ချင်တာလဲ Tine ရယ်..မေးခွန်းတွေအများကြီးဖြစ်နေပြီဆိုတာ မင်းသိရဲ့လား? ဒီလိုနဲ့ ကျွန်တော်လဲ အိပ်ချင်ယောင်သာ ဆောင်နေလိုက်တယ် တကယ်တော့ မျက်ရည်တွေ ခေါင်းအုံးမှာ စိုရွှဲလျက်ပဲ။
_________
Tine ဘက်က မလာသေးတော့ ဇာတ်လမ်းကနားလည်ရခတ် နေမှန်းသိပါတယ်။ သည်းခံပြီး ဖတ်ပေးပါအုံးနော် 😚💗 Babi တွေကလည်း offgun ရေးပေးဖို့ ပြောနေလို့ love you 3000 more ရေးနေလို့ တစ်နေ့တစ်ပိုင်းပဲ Up တော့မယ်နော်။ဖတ်ပေးကြပါအုံး။💗
_______________
"Wat ထတော့ငါတို့ မင်္ဂလါဆောင်ခန်းမ အမှီသွားရမယ်"

"အေးအေးဟိုကောင်တွေရော အဆင်သင့်ဖြစ်ကြပြီတဲ့လား"

"အင်း အကုန်အဆင်သင့်ပဲ"

ဒါနဲ့ ကျွန်တော့်ကားနဲ့ပဲ ခန်းမထိသွားကြတယ် အာလုံးကလည်း သန့်ပြန့်နေတာပဲ။ အထူးသဖြင့် ကျွန်တော် Tine က ကြည့်လို့အကောင်းဆုံးပဲ သေချာတယ် သတို့သမီးလှတာလောက်ကတော့ ကျွန်တော့် Tineက သနားတယ်။

ခန်းမရောက်တော့ ကျွန်တော်ရယ် Tine ရယ်ကို သက်သက်ခေါ်ပြီး အလှပြင်ပေးတယ် ပြီးတော့ အ၀တ်အစားပေးတယ် မသိရင် ကျွန်တော်တို့ နှစ်ယောက်မင်္ဂလါဆောင်လိုပဲ။

"Oh hoooo Tine နဲ့ sarawat သန့်ပြန့်နေတာပဲနော် မင်းတို့ကတကယ်လိုက်တယ် တွဲလိုက်ပါလား" Mann ကတော့ထုံးစံအတိုင်း ထစတယ်။

"သေလိုက် ခွေးကောင် မင်းအဖေဘိုးအေကို တွဲလိုက်"

"Hahaha"

အားလုံးက tine ဆဲတာကြားတော့ ထရယ်ကြတယ် Tine ကလည်းရှက်သွားတဲ့ပုံပဲ ချက်ချင်း ဟိုဘက်ခြမ်းကိုထွက်သွားတယ်။

"Hey မင်း P'type နဲ့တွေ့လား?"

"တွေ့တာပေါ့ကွ ဟိုမှာလေ ချောလိုက်လေခြင်းကွာ ယောကျာ်းလေးတစ်ယောက် အဲ့လောက်ချစ်ဖို့ကောင်းတာ မမြင်ဘူးဘူး" Mann ကတော့ ဂုဏ်ယူစွာပြန်ဖြေတယ်။

"Tine လောက်တော့မဟုတ်ဘူး"ကျွန်တော်ကလည်း ဘယ်ရမလဲ ပြန်ချေပါ့တာပေါ့။ သိတယ်မဟုတ်လား ကျွန်တော်က Sarawatလေ။

Be My BoyfriendWhere stories live. Discover now