ဇတ်သိမ်းပိုင်း

14.2K 968 48
                                    

Part 13

ဇတ်သိမ်းပိုင်း

သားလေးဖျားနေတာကြောင့် Xiao Zhanရင်ပူနေရသည် ဆရာဝန်ကတော့ ဒီတစ်ခါဖျားတာ သားလေးစိတ်ကြောင့်နဲ့လည်း ဆိုင်တယ်လို့ပြောသွားသည် သားလေးအရင်လို ပျော်ရွှင်အောင် ကျွန်တော့်ဘာလုပ်ပေးရမလဲ 

📲📲📲

" မဆက်စဖူးဖုန်းဆက်လို့ပါလား "

"သားလေးနေမကောင်းဘူး Yu Bin သားလေးစိတ်လည်း မပျော်ရွှင်ဘူး ငါ့ဘာလုပ်ရမလဲ မင်းကောဘာလုပ်ပေးနိုင်လဲ "

" ငါလာခဲ့မယ် Xiao Zhan "

Yu Bin Babyလေးအိမ်ကိုရောက်တော့ Babyလေး အောက်စီဂျင်ကိုအားပြုပြီး အသက်ရှုနေရတဲ့ ပုံစံကိုမြင်ပြီး Babyလေးကို ပိုသနားမိသည် 

" ဘယ်လိုဖြစ်တာလဲ "

"သားလေးမှာကနှလုံးရောဂါရှီတယ် ဒါကိုဒီအတောတွင်း ငါ့ကသားလေးကို စိတ်ညစ်အောင်လုပ်မိတယ်

"မင်းက..မင်းကBabyလေးကိုစိတ်ညစ်အောင်လုပ်တယ် မဖြစ်နိုင်တာ "

" အဲ့ဒါနောက်ထားပါ သားလေးနိုးလာရင် သားလေးရယ်အောင် ပျော်အောင်ဘယ်လိုလုပ်ရမလဲ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် သားလေးပြုံးရင်ကို င့ါကျေနပ်ပါတယ် တစ်ခုခုလုပ်ပေးပါ Yu Bin "

Yu Bin ခေါင်းညိတ်လိုက်သည် ဒီရက်ပိုင်းအတွင်း ဒီကလေးမပျော်ရွှင်တာကို သူသတိတော့ထားမိသည် ဘာကြောင့်လဲ သူမသိပေမဲ့ ချက်ခြင်းညိုးငယ်ကျသွားတဲ့ Babyလေးကြောင့် သူလည်းစိတ်ညစ်ရသည် 

" Babyလေးနိုးပြီလား "

Yiboခေါင်းညိတ်လိုက်သည်

" အစ်ကိုနဲ့ရုပ်ရှင်ကြည့်ချင်တယ်ဆို အစ်ကိုဒီနေ့အားတယ် သွားကြည့်ကျမလား "

Yibo အောက်စီဂျင်Maskကိုဖယ်ပြီး ခေါင်းညိတ်လိုက်သည်

"အဲ့ဒါဆိုသွားရအောင် ရုပ်ရှင်မကြည့်ခင် ကိုယ့်တို့တစ်ခုခုဝင်စားရအောင်  "

" အစ်ကိုအပြင်ထွက်ပေး ကျွန်တော့်အဝတ်အစားလဲလိုက်အုန်းမယ် "

" အင်း အစ်ကိုကားပေါ်မှာ စောင့်နေမယ်နော် "

Yibo ခေါင်းညိတ်လိုက်သည် ပါပါးကကုမ္ပဏီသွားတာလား ပါပါးကိုလည်းမတွေ့ဘူး Yibo သက်ပျင်းချကာ အဝတ်အစား ဝတ်နေမိသည်

You've reached the end of published parts.

⏰ Last updated: Apr 19, 2020 ⏰

Add this story to your Library to get notified about new parts!

PapaWhere stories live. Discover now