Part 11

8.6K 818 24
                                    

Part 11

"သားလေး..သားလေးသတိရလာပြီ "

Xiao Zhan ဝမ်းသားသွားပြီး ခလုတ်ကိုနှိပ်ကာ ဆရာဝန်ကိုခေါ်လိုက်သည် ဆရာဝန်က သားလေးကို စမ်းသပ်ပြီး

" အခြေအနေကောင်းပါတယ် "

" ကျေးဇူးတင်ပါတယ် ဒေါက်တာ..ကျေးဇူးတင်ပါတယ် "

ဆရာဝန်အခန်းထဲကထွက်သွားတော့
Xiao Zhan သားလေးလက်ကိုကိုင်ပြီး
သားလေးကြည့်လိုက်တော့ သားလေးပြန်ပြီး မျက်စီမှိတ်သွားသည်

" အသဲလေး "

Xiao Zhanခေါ်တာကိုပြန်မထူးပဲ သားလေးမျက်ရည်ကျလာသည် အသဲလေးမျက်ရည်တွေ ခေါင်းအုံးပေါ်စိုစွတ်သွားသည်

" အသဲလေး..အသဲလေးငိုနေတာလား..မျက်လုံးဖွင့်ပြီး ပါပါးကိုကြည့်ပါအုန်း "

သားလေးမျက်စီမှိတ်ပြီးရှိုက်ငိုနေတာကြောင့် Xiao Zhan သားလေးကိုမထူလိုက်ပြီး ဖတ်ထားလိုက်သည်

"ဘာလို့ငိုတာလဲ အသဲလေးရယ် ပါပါးမဆူပါဘူး
"

သားလေးငိုတာကြောင့် Xiao Zhanရင်ထဲမှာ
နာလာသည်

"မဟုတ်သေးပါဘူး အသဲလေးကပါပါးဆူမှာကြောက်လို့ ငိုမဲ့ကလေးမဟုတ်ဘူး ဘာကြောင့်လဲဟင်..ဘာကြောင့်လဲ  "

ပါပါးအသည်းအသန်မေးနေတာကြောင့် Yibo မျက်ရည်သုတ်လိုက်ပြီး

" မားကိုလွမ်းလို့ပါ "

"မားကိုလွမ်းလို့ဟုတ်လား "

Yibo ခေါင်းညိတ်လိုက်သည်

"မဟုတ်ဘူး အသဲလေးလိမ်တယ်..အသဲလေးတစ်ခါမှ မားကိုမလွမ်းဖူးပါဘူး "

" ကျောင်းက My Mother  ဆိုတဲ့ Eassyရေးခိုင်းတာကြောင့် မားကိုတွေးမိလို့ပါ "

" အဲ့ဒါကြောင့် သားအသက်ရှုကျပ်လာတာလားဟင် "

Yibo ခေါင်းညိတ်ပြီးပြန်လှဲလိုက်သည်

ဒေါက်..ဒေါက်

တံခါးခေါက်ပြီး ဝင်လာတဲ့ Yu Bin

" မင်းဘယ်လိုသိတာလဲ "

Yu Bin သစ်သီးခြင်းကို စားပွဲပေါ်တင်ပြီး ကလေးကိုကြည့်လိုက်သည် 

PapaWhere stories live. Discover now