Part 4

10.2K 911 13
                                    


Part 4

"သားလေးကိုကျောင်းသေချာပို့ပေး ပြန်မလာနဲ့ ကျောင်းမှာပဲစောင့်နေ ဗိုက်ဆာရင် အဲ့နားကမုန့်ဆိုင်မှာ ဝယ်စား "

"ဗျာ တစ်နေ့ကုန်လား "

" အင်း ဘယ်သူစိမ်းတစ်ယောက်မှ သားလေးနဲ့ စကားရပ်မပြောစေနဲ့ ကြားလား "

"ဟုတ်ကဲ့ သခင်လေး "

" ပါပါး "

" အသဲလေး ဖြည်းဖြည်း "

အပေါ်ထပ်ကနေပြေးဆင်းလာတဲ့ သားလေးကို အော်လိုက်သည်

" ပါပါး မုန့်ဖိုးပေး "

Xiao Zhan အိတ်ထဲကပိုက်ဆံကိုပေးလိုက်သည်

" အဲ့ဒါ​​ပြောတာမဟုတ်ဘူး ကဒ်ထဲလွှဲခိုင်းတာ "

"သားကိုပေးထားတဲ့ပါပါးရဲ့ကဒ်ထဲကိုလား "

"ဟုတ် "

" ပါပါးလစဥ်တိုင်းထည့်ပေးထားပါတယ် "

"သခင်လေးမသိသေးဘူးထင်တယ်
ဝမ်လေးက မနေ့ကဆိုင်ကယ်ဝယ်လိုက်တယ် "

"ဘာ! "

ကျင်းရီပြောစကားကြောင့် Xiao Zhan ကားဂိုဒေါင်ကိုသွားကြည့်တော့ ဆိုင်ကယ်ကို တွေ့ ရသည်

" ပါပါးပြောထားတယ်လေ ဆိုင်ကယ်မစီးရဘူးလို့ "

" မစီးရပေမဲ့ ဝယ်ထားလို့တော့ရတယ်မဟုတ်လား "

"ဝယ်ထားလို့လည်းမရဘူး ဆိုင်ကယ်မြင်ရင်
အသဲလေး စီးချင်စိတ်ပေါက်လိမ့်မယ် "

" ပါပါး..ပါပါး သားတကယ်မစီးပါဘူး နော်..နော် "

သူ့ကိုဖတ်ပြီး ချွဲနေတဲ့ သားလေးကြောင့် Xiao Zhan သားလေးခေါင်းကိုနမ်းကာ

" ပါပါးကိုချစ်တယ်ဆို ဘယ်လောက်ထိချစ်လဲ "

"သားအသက်လောက်ချစ်တယ် "

" အဲ့ဒါဆို ဒီဆိုင်ကယ်ကိုပါပါးပြန်ရောင်းလိုက်မယ် အဲ့ဒီအစား အသဲလေးအတွက် မှန်ဘောင်ထဲမှာထားဖို့ ဒီလိုပုံစံအရုပ်ဆိုင်ကယ် ဝယ်ပေးမယ် "

"ဟုတ်ကဲ့ ပါပါး "

"ဟုတ်ကဲ့ဆိုပြီး ဘာလို့နှုတ်ခမ်းဆူနေရတာလဲ ပါပါးက အသဲလေးကိုအရမ်းစိုးရိမ်လို့ပါ ပါပါးစကားနားထောင်ပါနော် "

PapaDonde viven las historias. Descúbrelo ahora