Part 8

9.4K 827 22
                                    

Part 8

"အဟွတ်..အဟွတ် "

" နေမကောင်းဖြစ်နေတာကိုး ရေချိုးလိုက်သေးတယ်ဆို "

သားလေးကိုဝက်သားခေါက်ဆွဲပြုတ်ခွံကျွေးရင်း ဆူလိုက်မိသည်

" သားခေါင်းကိုက်နေတာပါပါး အဲ့တာကြောင့်လန်းသွားအောင် ရေချိုးခေါင်းလျှော်လိုက်တာ အစ်ကိုလာတော့ ဆိုင်ကယ်စီးလိုက်တာ လန်းဆန်းသွားတာပဲ "

သားလေးပြောရင်းပြုံးလာသည်

"ဒါပေမဲ့ ပါပါးကဘာလို့ အစ်ကို့ကိုထိုးတာလဲ အစ်ကိုသနားပါတယ် "

"အသဲလေးကကော ပါပါးကိုလှမ်းခေါ်ခိုင်းပြီး ဘာလို့အိမ်မှာ ရှီမနေတာလဲ "

"သားဆိုင်ကယ်အရမ်းစီးချင်လို့ပါ အစ်ကိုကဆိုင်ကယ်နဲ့ အရမ်းခန့်တာပဲ ပါပါး "

" နောက်ဆိုအသဲလေး ဆိုင်ကယ်ထပ်စီးရင် ပါပါးတကယ် စိတ်ဆိုးမိမှာ "

"ဘာလို့လဲ ပါပါးကလဲ "

" ဆိုင်ကယ်ကအန္တာရယ်များတယ် "

"ပါပါးမကြိုက်ရင် သားမစီးတော့ပါဘူး ပါပါးမနက်ဖြန်ကျောင်းပိတ်တယ် အစ်ကို့ကိုခေါ်ပြီး သားကားမောင်းသင်မယ်နော် "

" အသဲလေး! "

" ပါပါးကလဲ လန့်လိုက်တာ ဘာလို့အော်တာလဲ "

"ရှင်းလေးနဲ့ကျင်းရီကို အသဲလေးဘေးမှာအလကားထားတာမဟုတ်ဘူး အသဲလေးသွားချင်တာလိုက်ပို့ဖို့ အသဲလေးကိုဂရုစိုက်ဖို့ထားထားတာ "

" သားကားမောင်းတော့တက်ချင်တယ် ပါပါး "

"မရဘူးမသင်ရဘူး မမောင်းတက်ချင်စမ်းပါနဲ့ အသဲလေးရယ် ပါပါးစိုးရိမ့်လို့ပါ "

ပါပါးကယဥ်နဲ့ပတ်သတ်ရင် သူ့ကိုလုံးဝစိတ်မချတဲ့ ဆိုက်ကိုဝင်နေလား မသိဘူး ဘယ်လိုမှပြောမရပေ သူငယ်ငယ်တုန်းက စက်ဘီးစီးချင်လို့ စက်ဘီးဝယ်ခိုင်းတာတောင် ဝယ်မပေးပေ

"တော်ပြီပါပါး "

" အသားလုံးလေးတော့စားပါအုန်း ပါပါးအချည်ရည်နဲ့ တို့ပေးမယ် "

Yibo ခေါင်းညိတ်လိုက်သည် ပါပါးကသူ့ကိုသေချာဂရုစိုက်ကျွေးပြီး ဆေးတိုက်ဖို့ပြင်နေတာကြောင့်

PapaWhere stories live. Discover now