Part 6

9.4K 909 24
                                    

Part 6

"ပါပါး "

" အသဲလေးနိုးလာပြီလား "

Xiao Zhan ကလေးကိုထူလိုက်ပြီး သားလေးမှီလို့ရအောင်ကျောနောက်ကို ခေါင်းအုံးထားပေးလိုက်သည်

" ကျင်းရီ "

" ဗျာ သခင်လေး "

"ဆန်ပြုတ်နွေးပြီးယူလာခဲ့ "

"ဟုတ်ကဲ့ သခင်လေး "

Xiao Zhan သားလေးကိုရေပတ်တိုက်ပေးပြီး အဝတ်အစားလဲပေးလိုက်သည်

" သခင်လေး ဆန်ပြူတ်ရပြီ "

Xiao Zhan ဆန်ပြုတ်ပန်းကန်ကိုယူကာပါးစပ်နဲ့မှုတ်ပေးပြီး သားလေးကိုခွံကျွေးလိုက်သည်

" အင် "

"ဘာဖြစ်လို့လဲ အသဲလေး "

" မစားချင်ဘူး ပါပါး "

"ပါပါးကိုယ်တိုင်ပြုတ်ထားတာ မကောင်းလို့လားဟင် "

" ပါပါးကုန်းပိုး "

"အသဲလေး ပါပါးကုန်းပိုးပါမယ် အခုတော့ နည်းနည်းလေး ထပ်စားလိုက်ပါအုန်းနော် အဲ့ဒါမှ အသဲလေး ဆေးသောက်လို့ရမှာ "

"မစားချင်ဘူး ပါပါးကုန်းပိုး "

" ပါပါးတောင်းပန်ပါတယ် အသဲလေး..နည်းနည်းတော့ထပ်စားပါနော်..ပါပါးအသဲလေးက လိမ်မာပါတယ် ပါပါးကိုစိတ်ညစ်အောင် ဘယ်တော့မှမလုပ်ဘူး "

"ဟွန်း..ပါပါးကလည်းမသောက်ချင်ပါဘူးဆို "

အသဲလေးခါတိုင်းချော့ရင် တန်းရပေမဲ့ အခုတော့ အအရမ်းနေမကောင်းဖြစ်နေတယ်ထင်တယ် ကျွန်တော့်ပြောစကားကိုနားမထောင်ပေ

"အဲ့ဒါဆိုပါပါးအရင်ကုန်းပိုးပြီးရင် ထပ်စားရမယ်နော် "

သားလေးခေါင်းငြိမ့်သည် Xiao Zhan သားလေးကို ကုန်းပိုးပြီး အခန်းထဲလမ်းလျှောက်နေလိုက်သည်

" အသဲလေးကိုယ်ကပူကျစ်နေတာပဲ "

Xiao Zhan သူနောက်ကျောမှာ ပူကျစ်နေသလိုခံစားရသည်

" အဲ့တာဆို ပါပါးအဖျားကူးမှာလားဟင် "

"မကူးပါဘူး အသဲလေး..မကူးပါဘူး "

PapaМесто, где живут истории. Откройте их для себя