Part 10

8.4K 806 23
                                    

Part 10

ဘဲသံကြားတာနဲ့ Yibo အတန်းဆင်းမို့အထ အခန်းထဲဝင်လာတဲ့ သူ

" ခင်ဗျား ကျွန်တော့်ကျောင်းခန်းထဲထိဘာလုပ်တာလဲ "

"မင်းကိုတွေ့ချင်လို့ပေါ့  "

မိန်မိန်ရှေ့အတန်းမှာဝင်ထိုင်လိုက်ပြီး

" မင်းကိုတွေ့ဖိုကြိုးစားနေတာကြာပြီး မင်းရဲ့ပါပါးက တစ်ချက်မှအလွှတ်မပေးဘူး  "

"ခင်ဗျားဘာပြောချင်နေတာလဲ "

" ငါပြောချင်တာက ငါ့ကမင်းကိုတွေ့မှာကို မင်းပါပါးဘာကြောင့် သေလောက်အောင်ကြောက်နေတယ်လို့ မင်းထင်လဲ "

"ခင်ဗျားဘာတွေပြောနေတာလဲ ပါပါးကဘာကိုကြောက်ရမှာလဲ "

" အဖြစ်အမှန်ကိုပေါ့ အဖြစ်အမှန်ကိုသူသိသွားမှာ ကြောက်နေတယ် အဲ့ဒါကြောင့် ကျောင်းရှေ့မှာ တစ်နေ့ကုန်အစောင့်တွေထားခဲ့တယ် မင်းနဲ့ငါနဲ့ တွေ့သွားမှာ ဆိုးလို့ပေါ့ "

"ဘာအဖြစ်အမှန်လဲ ခင်ဗျားဝေ့လည်ကြောင်ပတ်လုပ်မနေပဲ ရှင်းရှင်းပြောပါ "

"ပြောမှပါ ပြောချင်လို့ငါဒီအခန်းထဲထိရောက်အောင် မနည်းကြိုးစားလာခဲ့ရတာ အခုမင်းပိုင်ဆိုင်တဲ့အရာအားလုံး မင်းဘဝအားလုံးအတုအယောင်တွေပဲ "

" အတုအယောင် ခင်ဗျားဘာစကားပြောတာလဲ "

" မင်းက Xiao Zhanနဲ့ဘာမှမဆိုင်ဘူး မင်းကဂြိုလ်ကောင် မင်းမိဘတွေက မင်းကိုမွေးမွေးချင်းဆုံးခဲ့ရတယ် Xiao Zhanက မင်းကိုသနားလို့မွေးစားထားတာ "

"မဟုတ်ဘူး ..ခင်ဗျားလိမ်တာ "

Yibo ထရပ်ပြီး သွေးရူးသွေးတန်းနဲ့ ငြင်းလိုက်မိသည် မိန်မိန်လည်းထရပ်လ်ိုက်ပြီး 

"မင်းကိုကျောင်းအပ်ရင် မင်းအဖေနေရာမှာ ဝူဘင်းဆိုတဲ့အမည်နဲ့ အပ်ထားတာ မင်းမသိဘူးမဟုတ်လား ဘယ်သိမလဲ ဒါတွေအားလုံးမသိအောင် အစ်ကိုကစီစဥ်ထားမှာပေါ့ "

"တော်တော့ခင်ဗျားမပြောနဲ့တော့..ခင်ဗျားလိမ်နေတာ "

Yibo ပြောရင်းရင်ဘတ်အောင့်လာတာကြောင့် ရင်ဘက်ကိုဖိလိုက်မိသည်

PapaTahanan ng mga kuwento. Tumuklas ngayon