Part 5

9.7K 885 23
                                    

Part 5

Xiao Zhan မနက်စောစောထပြီး ရေချိုးလိုက်သည် ဒီနေ့ကုမ္ပဏီမှာ ကိုယ်စားလှယ်အသစ်ဖြစ်တဲ့ Yu Binနဲ့ ရှယ်ယာရှင်များကို မိတ်ဆက်ပေးဖို မနက်ရှစ်နာရီ အစည်းအဝေးခေါ်ထားတာကြောင့် ဖြစ်သည်

" အသဲလေး "

Xiao Zhan အိပ်ပျော်နေတဲ့သားနဖူးကိုနမ်းလိုက်တော့

" ရှင်းလေး!...ရှင်းလေး "

" ဟုတ်ကဲ့..လာပါပြီ သခင်လေး "

" ဆရာဝန်ကိုဖုန်းမြန်မြန်ဆက် သားလေးနေမကောင်းလို့ မြန်မြန်လာပါလို့  "

"ဟုတ်ကဲ့ သခင်လေး "

Xiao  Zhan ဖုန်းကိုထုတ်ပြီး Yu Binဆီဆက်လိုက်သည်

" ဝေး "

" တောင်းပန်ပါတယ် Yu Bin မင်းအစည်းအဝေးကို ငါ့အတွင်းရေးမှူးနဲ့ပဲ တက်လိုက်ပါ "

" ဟာ..ငါ့ကဧည့်သည်လေ အဆင်ပြေပါ့မလား "

" ပြေပါတယ် မင်းကတွက်တာပဲ "

" ပါပါး..."

သားလေးမျက်စီဖွင့်လာပြီး ခေါ်တာကြောင့်

"ဒါဘဲYu Bin  "

" ဟေ့..ဟေ့ "

Yu Bin လှမ်းအော်လည်း Xiao Zhan ဖုန်းချသွားပြီဖြစ်သည်

" ပါပါးရှီတယ်အသဲလေး...ပါပါးရှီတယ်နော် "

" သားကိုပွေ့  "

" အင်း ပါပါးပွေ့ပါမယ် "

Xiao Zhan သားလေးကိုပွေ့ချီကာ လမ်းလျှောက်နေတုန်း ဆရာဝန်ဝင်လာသည်

" ဘယ်လိုဖြစ်တာလဲ "

" မသိပါဘူးဆရာရယ် သားလေးအစားလည်းမမှား ရေချိုးလည်းမမှားပါဘူး "

"အိပ်ရာပေါ်လှဲခိုင်းလိုက်ပါ ကျွန်တော့်ဆေးစစ်မလို့ "

" မလှဲဘူး..မလှဲဘူးပါပါး "

" သားလေး "

" ကျွန်တော့်သိပါပြီ "

ဒေါက်တာက ပွေ့ချီခံထားရတဲ့ သားလေးပါးစပ်ထဲကို အဖျားတိုင်းတဲ့အတံထည့်လိုက်သည်

" အဖျားက၁၀၃တောင်ရှီတယ် မောရောမောလား ကလေး "

" မမောဘူး "

PapaWhere stories live. Discover now