Part 9

8.1K 795 21
                                    

Part 9

"စားကောင်းမှာပဲ ကျေးဇူးတင်ပါတယ် အစ်ကို "

စနေပိတ်ရက်မှာကားမောင်းသင်ပေးပြီး City Homeမှာ ကြေးအိုးနဲ့ ရေခဲမုန့်ကြွေးတော့ အရမ်းပျော်နေတဲ့ ကလေးလေး

"ဘယ်လိုနေလဲ စားကောင်းလား Baby "

ယူဘင်းအသားကင်ပြီးကျွေးတော့ Babyခေါင်းညိတ်သည်

" အရမ်းကောင်းတယ် အစ်ကို "

" ဒါနဲ့ Baby ပင်လယ်စာဘာလို့မပါတာလဲ အစ်ကိုသွားယူပေးမယ် "

" ပုဇွန်နဲ့မတည့်ဘူးအစ်ကို ပင်လယ်စာတွေထဲမှာ ကျွန်တော့်မတည့်တာ အများကြီးပါတယ် "

" သြော်..အဲ့ဒါကြောင့်လား Xiao Zhanနဲ့မတူဘူးပဲ Babyက မားနဲ့တူတာထင်တယ် "

"မား! "

"ဟုတ်တယ်လေ Babyလေးအမေ "

"ကျွန်တော့်ဆီမှာအမေမရှီဘူး အစ်ကို "

"Babyလေးအမေ သေသွားလို့လား "

Yibo ခေါင်းညိတ်လိုက်သည်

" ကိုတောင်းပန်ပါတယ် မမေးသင့်တာမေးမိသွားတယ် တကယ်တော့ Xiao Zhan ဘယ်သူ့နဲ့ လက်ထပ်သွားလဲတောင် ကိုမသိရဘူး "

"အစ်ကိုကပါပါးနဲ့အကြာကြီးခွဲနေတာကိုး မားမရှီလို့ ကျွန်တော့်အားမငယ်ပါဘူး ပါပါးရှီရင်ရပြီ "

" အမေတစ်ယောက်ရဲ့ပြုစုယုယမှုကို အဖေတစ်ယောက်က အကုန်လုံး မလုပ်ပေးနိုင်ပါဘူး Baby ကိုယ်ရှေ့မှာမို့ ဟန်မဆောင်ပါနဲ့ မားမရှီလို့ အားငယ်ခဲ့ရတယ် မဟုတ်လား "

" အစ်ကိုအားငယ်တယ်ဆိုတာဘာကိုပြောတာလဲ
ကျွန်တော့်မသိဘူး "

"Baby အားငယ်မှုကိုမသိဘူး ဟုတ်လား "

Yiboပြုံးပြီးခေါင်းညိတ်လိုက်သည်

" Babyလေးနေမကောင်းရင် ဘယ်လိုဖြစ်လဲ "

"ပါပါးကိုမတွေ့ရရင် ဒေါသထွက်တယ်  "

" အဲ့ဒါဒေါသထွက်တာမဟုတ်ဘူး အနားမှာပါပါးမရှီလို့ Babyလေးအားငယ်နေတာ "

" မဟုတ်ပါဘူးအစ်ကိုကလဲ ကျွန်တော့်ဒေါသထွက်ပြီး ခေါ်ရင် ပါပါးကတန်းလာတယ် "

PapaWhere stories live. Discover now