Part 12

9.2K 868 25
                                    

Part 12

"ယေး...ယေး "

ဆိုင်ကယ်နောက်ကနေလက်နှစ်ဖတ်ဆန့်ပြီး အော်နေတဲ့ ကလေးလေး

" ပျော်လား Baby!"

Yu Bin အော်ပြီးမေးလိုက်ပေမဲ့ Babyလေးဘာမှပြန်မဖြေပေ Yu Bin တံတားနားရောက်တော့ ဆိုင်ကယ်ကိုရပ်လိုက်သည် Babyလေးဆိုင်ကယ်ပေါ်ကဆင်းပြီး မြစ်ကိုကြည့်နေသည်

" ကိုယ်နဲ့အတူအပြင်ထွက်ရတာ ပျော်လား "

"ဟုတ်ကဲ့ "

" ဟုတ်ကဲ့သာပြောတာ Babyလေးဖြေတာအသက်မပါလိုက်တာ ဘာဖြစ်လို့လဲ ကျောင်းမှာစာမလိုက်နိုင်လို့လား ကျောင်းကသူငယ်ချင်းတွေနဲ့ အဆင်မပြေလို့လား "

"မဟုတ်ပါဘူး အစ်ကို "

" အစ်ကိုBabyလေးကိုချစ်တယ် "

"ဗျာ! "

ကျွန်တော့်စကားကြောင့် Babyလေး ကန်ပြင်ကိုကြည့်နေရာကနေ ကျွန်တော့်ကိုလှည့်ကြည့်သည်

" ချစ်တယ်..ဟုတ်လား "

"အင်း "

Babyလေးမျက်လုံးကိုတည့်တည့်ကြည့်ပြီး
ဖြေလိုက်သည်

"အစ်ကိုနောက်နေတာလား ကျွန်တော့်က အစ်ကိုအသက်နဲ့အရွယ်နဲ့စာရင် ကလေးသာသာ ကောင်လေးတစ်ယောက်ပဲရှီပါတယ် "

"Babyပြောတာမှန်ပါတယ် Babyကကိုယ့်သူငယ်ချင်းရဲ့သား ကိုယ်သားအရွယ်ပဲရှီတယ်ဆိုတာ ဒါပေမဲ့အချစ်မှာ အသက်အရွယ်အပိုင်းအခြားနဲ့ မဆိုင်ဘူး ပြီးတော့ ယောက်ကျားမိန်းမ လိင်ခွဲခြားမှုနဲ့လည်းမဆိုင်ဘူး "

ပါပါးကကော သူ့ကိုဘာကြောင့်မွေးစားခဲ့တာလဲ
ပါပါးရဲ့ချစ်သူကိုအဆုံးအရှုံးခံပြီး ပါပါးဘဝတစ်ခုလုံးပေးဆပ်ပြီး ဘာကြောင့်သူ့ကို..ဘာကြောင့်

"Baby...Babyဘာဖြစ်တာလဲ "

Yibo စဥ်းစားရင်းနဲ့ ရင်ဘတ်အောင့်လာတာကြောင့်

"ကျွန်တော့်ပြန်ချင်ပြီ "

" ကိုယ်ကားငှားလိုက်မယ် "

" ဆိုင်ကယ်စီးနိုင်ပါတယ် "

"ဘယ်လိုလုပ်စီးနိုင်မှာလဲ Babyလေးမျက်နှာက ဖြူဖတ်နေတာကိုး "

PapaWhere stories live. Discover now