CH 82

17.5K 1.8K 43
                                    

Zawgyi

အန်ရီဇဲ ဆုကျန်းကိုတွဲပြီး အခန်းထဲဝင်လာလိုက်တယ်။ တဘက်နဲ့အဝတ်အစားထုတ်ပေးပြီး ဆုကျန်းကိုပေးလိုက်တယ်။

စားပွဲပေါ်ကဟင်းလျာတွေ အေးကုန်ပြီ။ ဒါကြောင့် သူ..

"ကျန်းကျန်း ကိုယ် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ လမ်းမှာ ကားအက်ဆီးဒင့်ကြောင့်ကားတွေပိတ်နေလို့ တော်တော်နဲ့ထွက်မရဘူး.. ဒါကြောင့် ကိုယ်နောက်ကျသွားတာပါ"

"ရပါတယ်"

ဆုကျန်း ခေါင်းငုံ့ထားပြီး..မော့မကြည့်ပါ။

"မင်းဖုန်းကရော.. ဘတ်ထရီကုန်သွားတာလား"

အန်ရီဇဲ သူ့ဖုန်းသူထုတ်ပြီးစစ်ကြည့်လိုက်တော့.. ဟုတ်ပါတယ်၊ အလုပ်များနေလို့ အားသွင်းဖို့မေ့သွားတာ။

"မင်းကိုယ့်ကိုဖုန်းခေါ်သေးတာလား"

ဆုကျန်းခေါင်းငြိမ့်ပြလိုက်ပြီး အသံတိုးတိုးလေးနဲ့

"မင်း... မလာတော့ဘူးထင်လို့.. ဖုန်းလှမ်းဆက်ကြည့်တာ။ ငါ.. ဟင်းတွေပြန်နွေးလိုက်မယ်.."

ဆုကျန်းတဘက်ကိုဖယ်ပြီး ထရပ်လိုက်တယ်။ ဟင်းပန်းကန်တွေသယ်ပြီးလိုက်တော့ ရုတ်တရက် ခွမ်ခနဲကျကွဲသွားတယ်။ အန်ရီဇဲ ဆုကျန်းအနားလာပြီး

"ကျန်းကျန်း ဘာဖြစ်သွားသေးလဲ? ရှသွားသေးလား"

"နဲနဲပါပဲ"

လက်ထိပ်နားမှာ ဖန်စရှသွားတာမို့ သွေးနဲနဲတော့ထွက်လာပါတယ်။ အန်ရီဇဲချက်ချင်းပဲ ဆုကျန်းကိုကုတင်ပေါ်ထိုင်ခိုင်းလိုက်ပြီး ဖန်ကွဲစတွေရှင်းထုတ်လိုက်တယ်။ ပြီးတော့ ဆုကျန်းအနားလာထိုင်ပြီး ဆေးသိပ်ပေးရင်း

"ကျန်းကျန်း.."

ရုတ်တရက် ဆုကျန်း အန်ရီဇဲကိုသိုင်းဖက်လိုက်တယ်..

အန်ရီဇဲလဲတန့်သွားတာပေါ့။ ဒါပေမယ့် သူလဲ ဆုကျန်းကိုအသာလေးပြန်ပွေ့ဖက်လိုက်ပါတယ်။

"ဘာလို့လဲ? ကိုယ့်ကိုယ်ကနွေးနေလို့လား"

"အင်း"

အပြင်မှာ မိုးတွေသဲနေပြီးမှောင်မဲနေပေမယ့်... သူတို့အခန်းလေးက တိတ်ဆိတ်ပြီးမီးထိန်ထိန်နေတယ်၊ တစ်ယောက်ရဲ့အသက်ရှုသံ.. တစ်ယောက်ကကြားနေရတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်စကားမပြောဘဲ အတော်ကြာတဲ့အထိပွေ့ဖက်နေကြတယ်..

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမOnde histórias criam vida. Descubra agora