CH 50

17.3K 1.9K 52
                                    

Zawgyi

ဆုကျန်း အရမ်းအံသြနေချိန် နောက်ကနေ ရုတ်တရပ်လူတစ်ယောက်ရောက်လာပြီး သူ့ကိုပုတ်လိုက်တယ်။ ဆုကျန်းလန့်ပြီးလှည့်ကြည့်လိုက်တော့.... ကျီမင်ဖိန်၊ စပ်ဖြီးဖြီးနဲ့သူ့ကိုရယ်ပြနေတယ်။

အကြံတူတွေ၊ နှစ်ယောက်သား မျက်စိမျက်နှာပစ်ပြပြီး ဟိုနှစ်ယောက်Showပွဲ ချောင်းနားထောင်နေကြတယ်။

အန်ရီဇဲနဲ့ဂျီရမ် စကားဆက်ပြောနေကြတယ်။

"ငါ သူ့ကိုတကယ်ချစ်တာ"

ဂျီရမ်မယုံနိုင်ဘူး...

"မဖြစ်နိုင်ဘူး ပြီးတော့ သူကနင့်ထက်လဲငယ်တယ်"

အန်ရီဇဲတည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်တယ်။

"သူကိုငါချစ်တယ်... သူ ရိုးသားပွင့်လင်းတာလေးကိုချစ်တာ"

ဆုကျန်း သူ့ကိုယ်သူပြန်သုံးသပ်​ကြည့်တယ် 'ရိုးသားတယ်!! ဟုတ်ပါတယ်လေ ငါက ကြီးသူကိုလဲရိုသေတယ်၊ ငယ်သူကိုလဲသနားတတ်တယ်... ရွယ်သူကိုလဲလေးစားတတ်တယ်' အန်ရီဇဲ သူ့ကိုချီးကျူးတော့ စိတ်ထဲမှာကျေနပ်နေတယ်လေ 'ပွင့်လင်းတာလေးကိုချစ်တယ်... ဟီးဟီး အန်ရီဇဲကြီးကမထင်ရဘူးပဲ သူ့ထက်ငယ်တဲ့ကောင်မလေးတွေကိုပဲကြိုက်တတ်တယ်ပေါ့ နှာဗူးဦးလေးကြီး'

ကျီမင်ဖိန်ကျတော့ သူ့သူငယ်ချင်းကိုဂုဏ်တွေယူနေတယ် 'ဒီကောင် ခုတော့ သူ့စိတ်ရင်းအမှန်ကိုထုတ်ပြောတတ်ပြီပေါ့ကွာ'

ဆုကျန်းကတော့ ကျီမင်ဖိန်အတွက်စိတ်မကောင်းဘူးဖြစ်နေတယ်၊ အန်ရီဇဲက အရင်တုန်းက ဂျီရမ်ကိုလက်ထပ်ခွင့်တောင်းခဲ့တယ်တဲ့ ပြီးတော့ ကျီမင်ဖိန်နဲ့လဲ ဟိုလိုလို ဒီလိုလိုနဲ့.... ကြည့်ရတာ ကျီမင်ဖိန်လဲသိသိကြီးနဲ့ ခွင့်လွှတ်ပေးတာနေမှာ။ ဆုကျန်း စိတ်ထဲကနေ ကျီမင်ဖိန်ကိုအားတွေပေးနေတယ် 'ကျားရိုး...ကျီမင်ဖိန်'

တစ်ဖက်မှာတော့ အန်ရီဇဲစကားကြောင့် ဂျီရမ်အံသြနေတယ်။

"နင် သူကိုချစ်တယ် ဟုတ်လား!! သူ့​မိသားစုကလဲ သာမန်လူတန်းစားတွေနော် ပြီးတော့ နင့်ကိုလက်ထပ်တာကလဲ... နင်ချမ်းသာတာကိုမက်ပြီးတော့များ...."

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now