CH 55

15.4K 1.8K 31
                                    

Zawgyi

ဆုကျန်းမကြာမကြာအလုပ်အကြောင်း ညည်းညူပေမယ့်လဲနောက်ဆုံးတော့ ကျင့်သားရသွားပါပြီ။ ဒါပေမယ့် သင်ခန်းစာတွေတော့ သူကောင်းကောင်းမကျွမ်းသေးဘူး။ တခြားဆရာတွေသင်တဲ့အတန်းလိုက်တက်ရင်း သူတို့သင်တဲ့အတိုင်းပြန်သင်တယ်။ စစချင်းတော့ကျောင်းသားတွေက သူသင်တာကိုစိမ်းနေတယ်လေ၊ နောက်ပိုင်းကျ ရင်းနှီးလာတော့မှ စာသင်တာတဖြည်းဖြည်းချင်း ပျော်လာကြတယ်။

ဒါပေမယ့် ကျောင်းသားတွေကရွလွန်းလို့ တခါတခါ ဆုကျန်းရဲ့သရုပ်မှန်ပေါ်ပေါ်လာတတ်တယ်။

စာသင်ပြီးသွားလို့ ဆုကျန်းနာရီကိုကြည့်လိုက်တော့ ပြီးဖို့အချိန်က၂မိနစ်လိုသေးတာမို့ သူလဲ

"ကဲ.. ပြီးဖို့၂မိနစ်လိုသေးတယ်၊ ငါလဲသင်စရာမရှိတော့ဘူးဆိုတော့ တခုခုပြောကြရအောင်"

ဆုကျန်းက နောက်ဆုံးအွန်လိုင်းသတင်းအကြောင်းတွေ၊ မင်းသားမင်းသမီးအကြောင်းတွေ၊ ဇာတ်ကားတွေပြောပြတာဆိုတော့.. ကျောင်းသားတွေက သဘောတွေကျကြတယ်လေ၊ စာသင်ချိန်တောင် ထပ်ပိုလိုချင်တဲ့အထိပဲ။

နောက်ပိုင်းဆုကျန်းအတန်းဝင်တိုင်း ကျောင်းသားတွေက

"ဆရာမ ၂မိနစ်လောက်တစ်ခုခုပြောရအောင်လေ"

ဆုကျန်း "...."

>>>>>

တစ်ရက်ကျတော့ ဆုကျန်းစာသင်နေတုန်း ကျောင်းသားတစ်ယောက်ကလက်ထောင်ပြီး အိမ်သာသွားချင်ကြောင်းခွင့်တောင်းတော့ ဆုကျန်းကပေးလိုက်တယ်။ ဒါပေမယ့် အဲ့ကျောင်းသား ဆုကျန်းစာသင်ပြီးတဲ့အထိ ပြန်မလာတော့ဘူး။

စာသင်ချိန်ပြီးတော့မှ ဆုကျန်းအပြင်ထွက်တော့... အဲ့ကျောင်းသားက သူ့သူငယ်ချင်းတွေနဲ့ပခုံးချင်းဖက်ပြီးပျော်ပျော်ကြီး ပြန်ရောက်လာတယ်။

ဆုကျန်းမျက်မှောင်ကုပ်ပြီး စိုက်ကြည့်လိုက်တယ်..

နောက်တနေ့ အဲ့ကျောင်းသားပဲ၊ လက်ထောင်ပြီးအိမ်သာထပ်သွားပြန်တယ်။ ကျောင်းသားကမအောင့်မအီနိုင်ပုံစံနဲ့ဆိုတော့ ဆုကျန်းလဲလွှတ်ပေးလိုက်တယ်။
ကျောင်းသားကပျော်ပျော်ကြီးခုန်ပေါက်ပြီး အခန်းထဲကထွက်သွားတယ်၊ ပြီးတော့ ပြန်မလာတော့ဘူး။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now