CH 12

16.6K 1.9K 63
                                    

Zawgyi

ပန်းခြံကနေပြန်လာပြီးတော့ ကိုယ်အခန်းကိုယ်ဝင်ပြီး နားနေလိုက်ကြတယ်။ ဆုကျန်း ရေမိုးချိုး၊ ည၀တ်အင်္ကျီဝတ်ပြီး ကွန်ပျုတာဖွင့်ကာ တညလုံးဂိမ်းထိုင်ဆော့နေလိုက်တယ်။ ညတော်တော်နက်လာတော့ သူလဲရေဆာဆာနဲ့မို့ မီးဖိုခန်းထဲဝင် ရေသွားသောက်တယ်။ အခန်းထဲပြန်ဝင်လာတော့ သူထိုင်ပြီးကစားနေတဲ့ ထိုင်ခုံအဖြူပေါ်မှာ အနီကွက်ကြီးမြင်တော့ လန့်သွားတယ်.... သူဖင်ကိုစမ်းပြီး လက်ကိုကြည့်လိုက်တော့....

"အားးးးးးးး"

သွေး.... သွေးတွေ..... ဆုကျန်းအရမ်းလန့်သွားတယ်၊ ဒဏ်ရာရထားလို့သွေးတွေထွက်နေတာလား... ဘာလို့ဖင်မှာသွေးတွေနီရဲနေရတာလဲ.... မိန်းခလေးဆုကျန်းမှာ ရောဂါဟောင်းတွေဘာတွေရှိတာလား....။ ဆုကျန်းအသံကြောင့် အန်ရီဇဲလန့်ပြီး အခန်းတံခါးတွန်းဖွင့် ၀င်လာတယ်။

"ဘာဖြစ်တာလဲ"

ဆုကျန်းလဲ ချွေးတွေပြန်ပြီး ကြောက်ကြောက်လန့်လန့်နဲ့...

"သွေး... သွေးတွေ... ငါ... ဘာဖြစ်လို့သွေးတွေပေနေရတာလဲ....."

အန်ရီဇဲပါးစပ်အဟောင်းသားဖြစ်ပြီး ကြောင်သွားတယ်...

"ငါ... ငါ... ဒီမှာပဲငြိမ်ငြိမ်လေးနဲ့ ဂိမ်းဆော့နေတာ... ဘာဖြစ်တာလဲမသိဘူး... သွေးတွေက"

အန်ရီဇဲလဲကြောင်တောင်တောင်နဲ့

"မင်း ဘယ်ချိန်ရာသီလာတတ်တာလဲ"

"ရာသီ?... ငါ... မသိဘူး..."

အန်ရီဇဲမေ့နေတာ... ဆုကျန်းကအတိတ်မေ့နေတော့ သူ့ရာသီလာတဲ့အချိန်ဘယ်အချိန်လဲဆိုတာ မေ့နေတယ်ဆိုတာ။

"ကဲ ဘာဆက်လုပ်ရမလဲဆိုတာ မင်းတို့မိန်းခလေးတွေသိပါတယ် ငါ... သွားပြီ"

အန်ရီဇဲလှည့်ထွက်သွားမယ်ကြံတုန်း ဆုကျန်းကအင်္ကျီစကိုလှမ်းဆွဲပြီး

"နေ..နေပါဦး.. ငါဘယ်လိုလုပ်ရမလဲမသိဘူး"

ဆုကျန်းဘာလုပ်ရမလဲ တကယ်မသိပါ။ သူ မိန်းခလေးတွေဟိုဟာလာတာသိပေမယ့် သူတို့ဘာတွေဘယ်လိုလဲဆိုတာ ဘယ်နားလည်ပါမလဲ။ ဆုကျန်းမျက်နှာ ဖြူဖတ်ဖြူရောဖြစ်လာပြီ.... သူ ဘာလုပ်လို့ဘာကိုင်ရမလဲမသိ။ အားကိုးစရာကလဲ အန်ရီဇဲတစ်ယောက်ပဲရှိတာဆိုတော့...

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now