CH 37

15.1K 1.8K 11
                                    

Zawgyi

ဆုကျန်း... ဆုကျဲငေးပြီးကြည့်နေမိတယ်၊ ခေါင်းထဲမှာလဲ အတွေးပေါင်းစုံနဲ့။

ဒီကလေး တော်တော်ပိန်သွားသလိုပဲ၊ ဒါပေမယ့် ရုပ်ကတော့ခုချိန်ထိ ချောတုန်း။ အမှန်တိုင်းပြောရရင် သူနဲ့သူ့ညီဆိုရင်... ညီကအချောဆုံးပဲ။ အိမ်မှာဆိုလဲ အမြဲရန်ဖြစ်နေကျ၊ TV ကြည့်ရင်းနဲ့ ဆိုဖာနေရာလုတယ်၊ TVလိုင်းလုတယ်... အမေဆို သူတို့နှစ်ယောက်ကို ကြက်မွှေးနဲ့လိုက်ရိုက်နေကျ။

မျက်ခုံးမွှေးပါးပါး၊ မျက်လုံးပြူးပြူးနဲ့ အရပ်ကလဲရှည်သေး... သူ့ထက်တောင်ရှည်တယ်။ ငယ်ငယ်ကဆို သူ့ညီကိုအမြဲအနိုင်ကျင့်နေကျ... ဒါပေမယ့် သူ့ညီကအမေနဲ့ပြန်မတိုင်ဘူး။ အမြဲရန်ဖြစ်ကျတယ်ဆိုပေမယ့် တကယ်တမ်းတော့ သူ့ညီကိုသူချစ်ပါတယ်၊ ဖုန်းcontactမှာတောင် 'My Wonderful Bro' လို့ရေးမှတ်ထားတာ....

ငယ်ငယ်ကဆိုလဲ ဆုကျဲကသူ့အကို့ကို အရမ်းလေးစားတာ၊ နောက်ကနေတကောက်ကောက် 'ကောကော ကောကော' နဲ့လိုက်တာ။ စလိုက်ရင်လဲ ငိုသလားမမေးနဲ့ ပြီးရင်ပြန်တိတ်ပြီး သူ့အကိုလက်ကိုလာလာဆွဲဖက်တတ်တာ။ ငယ်ငယ်ကအမှတ်ရစရာတခုရှိသေးတယ်...၊ ဆုကျဲ ပထမဆုံး ရည်းစားစာရေးပြီး ဘယ်သူကိုပေးသလဲဆိုတော့.... သူ့အကိုဆုကျန်း၊ ဘာတဲ့... 'အကိုကကျွန်တော်အတွက် အိမ်မက်ကိုစတင်ဖန်တီးပေးသူ၊ ကျွန်တော်အတွက် မျှော်လင့်ခြင်းရောင်ခြည်၊ ကြယ်တစ်လုံးလိုပဲ....' ဘာညာနဲ့။

ဆုကျန်း သူ့အသုဘချတုန်းက သူ့ညီမျက်နှာကိုပြန်မြင်ယောင်မိတယ်၊ အဲ့တုန်းက သူ့ညီမျက်နှာညိုးနေတာ..... သူ စိတ်ထဲမကောင်းဘူး....။ ဒါပေမယ့် မသေဘဲ ခုလို မိန်းခလေးဆုကျန်းကိုယ်ထဲရောက်နေတာတောင် သူ့မိသားစုနဲ့သူ့ညီကို မဖွင့်ပြောနိုင်ခဲ့ဘူး....

ဆုကျဲအခန်းထဲဝင်လာတော့ သူ့ကိုစိုက်ကြည့်နေတဲ့လူတွေပြန်လိုက်ကြည့်လိုက်တယ်၊ အန်ရီယိုကိုမြင်တော့ သူ ပြုံးပြလိုက်တယ်။

"ရီယို"

အန်ရီယို မျက်နှာအပြုံးမသတ်နိုင်

"အာကျဲ... နင်ရောက်လာပြီပေါ့"

အာကျဲ ခေါင်းငြိမ့်ပြလိုက်တယ်၊ အန်ရီယိုဘေးမှာထိုင်နေတဲ့ ဆုကျန်းကိုမြင်တော့ ကြောင်တောင်တောင်ဖြစ်သွားတယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမHikayelerin yaşadığı yer. Şimdi keşfedin