CH 48

15.4K 1.8K 35
                                    

Zawgyi

ဧည့်သည်တော်တော်များများက အန်ရီဇဲနဲ့ရဲလန်နားမှာပဲ ရစ်သီရစ်သီနဲ့အုံနေတော့ ဆုကျန်း​အနေရခက်နေတယ်။

အန်ရီဇဲလဲ ဆုကျန်းမျက်နှာပျက်နေတာကိုတွေ့ရတော့ ထိုင်ခုံတစ်ခုမှာထိုင်ခိုင်းပြီး သူ့ကိုစောင့်နေဖို့ပြောလိုက်တယ်၊ ဒါနဲ့ဆုကျန်းလဲ လူတွေကြားကနေတိုးဝေ့ထွက်ပြီး ထိုင်ခုံတစ်ခုမှာ ထိုင်နားနေလိုက်တော့တယ်။

လူတွေကလဲ သူထက်ဟိုညီအကိုနှစ်ယောက်ကိုပဲ အသာပေးနေတာမို့ သူ့ဒေါက်ဖိနပ်ကိုချွတ်ပြီး ခုံပေါ်မှာလွတ်လွတ်လပ်လပ်နဲ့ထိုင်နေလိုက်တော့တယ်၊ စားပွဲပေါ်ကမုန့်တွေတခုပြီးတခု​နိုက်စားရင် ကောင်မလေးတွေကိုလိုက်ငေးကြည့်လိုက်တယ်။

ပွဲလာတဲ့မိန်းမတွေတော်တော်များများ ဝတ်ထားတာကလဲ dress အရှည်တွေနဲ့ အကုန်ဒေါက်ဖိနပ်တွေ စိန်နားကပ်စိန်ဆွဲကြိုးတွေနဲ့ အပြိုင်အဆိုင်ဝတ်ဆင်ထားကြတယ်။ သူတို့တော့မသိဘူး... ဘေးကကြည့်ရတဲ့လူကတော့ မျက်စိစူးပြီး ရေမွှေး​နံ့တွေနဲ့မွန်းထူနေတယ်။

သူ ကျောင်းတုန်း မွေးနေ့ပွဲတွေလုပ်ရင်း ဟော့ပေါ့ဆိုင်တို့​ KTVတို့မှာသွားစားသွားကဲကြတယ်။ ခုတော့.... ပျင်းခြောက်ခြောက်နဲ့ စန္ဒယားနဲ့တယောနဲ့ သီချင်းသံကလဲအိပ်ချင်စရာကြီး။

ယောက်ျားတွေကလဲ ကြောင်လျှာသီးနဲ့အမည်းရောင်ကုတ်တွေနဲ့ မွေးနေ့ပွဲကလဲ မသိရင် မင်္ဂလာဆောင်dinnerကျနေတာပဲ။

ဆုကျန်း တစ်ယောက်တည်းထိုင်နေတာကို မိန်းခလေးတချို့​ကြမြင်တော့ အတင်းတုပ်ကြပြီပေါ့။

"ကြည့်စမ်းပါဦး သူ့ပုံစံကလဲရိုးရိုးကြီးနဲ့ အန်သူဌေးသူ့ကိုဘာကြည့်ပြီး ကြိုက်တာလဲမသိ"

"ဟုတ်တယ် သူ့​မိသားစုကလဲဘာဂုဏ်မှလဲမရှိကြဘူး၊ သူ့လိုဘာမဟုတ်တဲ့လူက အန်မိသားစုထဲဘယ်လိုဝင်လာလဲမသိပါဘူး"

"ကြည့်ရတာ... သူ လျှို့ဝှက်တဲ့နည်းနဲ့ အန်သူဌေးကိုမြူဆွယ်လိုက်တာနေမှာ"

"ဟားဟားဟား ဟုတ်လောက်မယ်၊ သူ့လိုမိန်းမမျို့အန်သူဌေးယူဖြစ်မှာမဟုတ်ဘူး.. ဒီမိန်းမမှာမကောင်းတဲ့အကြံနဲ့လုပ်လိုက်တာနေမှာ"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now