CH 25

16.4K 1.7K 46
                                    

Zawgyi

ဒီညလဲ ဆုကျန်းအိပ်မက်မက်ပြန်တယ်...

အိမ်မက်ထဲမှာ သူ့ကိုယ်ပေါ် အရမ်းလှတဲ့မိန်းမပျိုလေးတစ်ယောက်က လှဲလျောင်းနေတယ် "သနားစရာလေး! မင်းအော်ရင်တောင် ဘယ်သူမှလာကယ်မှာမဟုတ်ဘူးနော်" ၊ ဒါနဲ့ဆုကျန်းလဲပျော်ပျော်ကြီး

"ရေးဝေဝေဝေ~~" ထအော်လိုက်တယ်။

ဆုကျန်းအိမ်မက်ယောင်ပြီး ခြေထောက်နဲ့ကန်လိုက်တော့ အန်ရီဇဲနိုးလာတယ်။

အိမ်မက်ထဲမှာ မိန်းမပျိုလေးက ဆုကျန်းကိုယ်ပေါ်တက်ခွလိုက်ပြီး "ကောင်စုတ်လေး~~ နင်အော်တာလေး ထပ်ကြားချင်သေးတယ်~~" ဆုကျန်း အိပ်ရာပေါ်မှာလူးလိမ့်ရင်း အန်ရီဇဲကိုခွဖက်လိုက်တယ်၊ အိမ်မက်ယောင်ပြီး

"၁-၂-၃-၄-၅-၆-၇-၈"

ဆုကျန်းခွဖက်ထားတာကြောင့် အန်ရီဇဲမလှုပ်ပဲငြိမ်နေလိုက်တယ်၊ ဆုကျန်းပါးစပ်ကနေ တတွက်တွက်နဲ့

"၈-၇-၆-၅-၄-၃-၂-၁"

အန်ရီဇဲ "......"

နောက်နေ့မိုးလင်းတော့ ထုံးစမ်းအတိုင်း ဆုကျန်း အန်ရီဇဲရင်ခွင်ထဲရောက်နေပြန်တယ်။ ဆုကျန်းလဲမထူးဆန်းတာမို့ လက်ကိုဖယ်ထုတ်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ်။ သွားတိုက်နေရင်းမှ နှုတ်ခမ်းကစပ်လာလို့ ညကအဖြစ်အပျက်ခေါင်းထဲ ချက်ချင်းပြန်ပေါ်လာတယ် 'S##t ငါ့ first kiss ကိုခိုးသွားတဲ့ သတောင်းစားကြီး' ဆုကျန်းမျက်နှာရဲတက်သွားတယ်၊ ဒေါသထွက်လို့ရဲတာလား ရှက်လို့လား မသဲကွဲ။

>>>>>

အန်ရီဇဲ suitဝတ်နေရင်း သူ့ကိုကြည့်နေတဲ့ ဆုကျန်းကိုနှုတ်ဆက်လိုက်တယ်

"ကျန်းကျန်း"

ဆုကျန်းမျက်နှာကို ဟိုဖက်လွှဲလိုက်ပြီး ဆူပုတ်ပုတ်နဲ့

"skillမရှိဘဲနဲ့ သူများကိုကော်ပီကူးပြီး လိုက်မနမ်းနဲ့"

သူ ဆုကျန်းနှုတ်ခမ်းကို ကြည့်ပြီး

"နာသွားသေးလား"

"S##t!! မင်းခံကြည့်ပါလား"

ဆုကျန်းစိတ်တိုတိုနဲ့မို့ ရိုင်းရိုင်းပြောလိုက်ပေမယ့် အန်ရီဇဲစိတ်မဆိုးပါ။ သူ ဆုကျန်းနှုတ်ခမ်းပါးပါးလေးရဲ့နူးညံ့မှုကို မေ့လို့မရ၊ ခုထိ သူ ဆုကျန်းနှုတ်ခမ်းအရသာလေးကို ခံစားမိနေဆဲ....

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now