အဖိုးအိုယန်ရဲ့ စိုက်ခင်းက ရှီချင်စားငေါက်ဆိုင်နဲ့ နည်းနည်းလှမ်းပေမယ့် အရမ်းကြီးလည်း မဝေးပေ။ အခုတော့ လင်ရှုယီက အဲ့ဒီကိုသွားပြီး အပင်တွေကိုရေလောင်းကာ မြေဆွပေးတဲ့သူဖြစ်လာပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က အရမ်းကြီးပင်ပန်းတဲ့အလုပ်လည်း မဟုတ်ဘဲ သူ့အနေနဲ့ သူတတ်နိုင်သလောက် ပိုကူညီသက့်တယ်လို့ လင်ရှုယီ ခံစားရတယ်။ မဟုတ်ရင် အဖိုးအိုယန်ဆီက လစာကိုယူရမှာ သူရှက်တယ်။

လင်ရှုယီက သူ့ပိုက်ဆံတွေကို သုံးလည်းမသုံးသလို စုလည်းမစုထားပေ။ သူပိုက်ဆံလိုချင်တာ စားသောက်ဖို့အတွက်ပဲဖြစ်တယ်။ သူက အခု ရှီချင်စားသောက်ဆိုင်မှာ ကူညီလုပ်ကိုင်နေတဲ့အတွက် သူစားဖို့ပြင်ဆင်စရာမလိုတာကြောင့် သုံးစရာလည်း မရှိတော့ပေ။ ပိုက်ဆံမစုတာကတော့ ပိုက်ဆံကို ဘယ်လိုစုရမယ်ဆိုတာ သူမသိလို့ပဲဖြစ်တယ်။

သူက လိုချင်တာသိပ်မများတာကြောင့် ပိုက်ဆံလည်း အများကြီးမလိုပေ။

ထပ်ပြောရမယ်ဆိုရင် လင်ရှုယီက ချက်ပြုတ်တဲ့နေရာမှာ နေ့တိုင်းကူညီပေးပြီး ဒီကမ္ဘာရဲ့ ဗဟုသုတတွေကိုလည်း ဆက်လက်လေ့လာနေလေတယ်။ သူပိုသိလေ သူဒီကမ္ဘာမှာ ခြေကုပ်ယူဖို့အတွက် ပိုအကျိုးရှိလေဖြစ်တယ်။

သူက သူဂုဏ်အယူရဆုံးတပည့်ဖြစ်ပြီး သူသင်လိုက်တဲ့ဘာသာရပ်တွေကိုလည်း နားလည်နိုင်လောက်အောင် တော်တယ်လို့ သူအရမ်းလေးစားရတဲ့ဆရာက သူ့ကိုတစ်ခါပြောဖူးတယ်။ ဒါပေမယ့် သူ ဥာဏ်ကောင်းတယ်လို့ လင်ရှုယီ တစ်ခါမှမတွေးဖူးပေ။ သူသာ ဥာဏ်ကောင်းတယ်ဆိုရင် သူ့ရဲ့ဝမ်းနည်းဖွယ်ရာ သေဆုံးမှုကို ဖြစ်စေမယ့် မင်းမှုထမ်းတစ်ယောက်လုပ်ဖို့ သူတောင်းဆိုခဲ့မှာမဟုတ်ပေ။

သူ့မှာ အံ့အားသင့်စရာကောင်းတဲ့ မှတ်ဥာဏ်ရှိတယ်ဆိုတာ အမှန်ပါပဲ။ သူက သူမြင်လိုက်ရတဲ့စကားလုံးတိုင်းကို သူလုံးဝနားမလည်ရင်တောင် တသွေမတိမ်းချရေးနိုင်တယ်။ ဒါက ဒီကမ္ဘာာကြောင်းကို သူလေ့လာတဲ့နေရာမှာ အများကြီးအထောက်အကူဖြစ်တယ်။ သူ့ရှေ့က စက်ဘီးလိုမျိုး ပစ္စည်းအများစုကို ဘယ်လိုသုံးရတယ်ဆိုတာသိဖို့ သူ့အနေနဲ့ တစ်ကြိမ်လောက် မြင်ဖူးဖို့ပဲလိုတယ်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now