အပိုင်း ၂

Start from the beginning
                                    

"အော် မင်း Pw လာမေးတာ"

"အော်အေး မင်းမှမသိတာက ဟားဟားဟား ငါအသစ်ပြောင်းထားတယ်"

"ဘာလဲ ၇ ၈ ၉ ၁ ၀ လား"

"Hey wat! မင်းဘယ်လိုသိလဲ"

သေစမ်း တကယ်ကြီးဟ ဒီလောက်အူကြောင်ကြားနိူင်တဲ့ Tine ကွာ!

"ခလေးသွားမေးရင်တောင် သိတယ်"

"ဟူး တော်ပီကွာ နောက်တစ်ခုပြောင်းမယ်"

"Zero ၆လုံးပြောင်းမလို့လား"

"Wat မင်း ငါ့စိတ်ထဲ၀င်လာနိုင်တာလား မင်းကိုတော့ ငါအရှုံးပေးတယ်"

ဟုတ်ပါတယ် ကျွန်တော်Tine နဲ့ပတ်သက်ပြီး အကုန်သိတယ် သူ့အကြောင်းကို သူ့ထပ်တောင် ကျွန်တော်သိတယ် သူတုံးတာလည်းသိတယ်။ ပြီးတော့ သူကျွန်တော့်ကို ရည်းစားလို မချစ်နိူင်တာလည်း ကျွန်တော်သိပါတယ်....
_
"ဂီတာက တစ်ခါတည်း​ကျိုးညှိ့ခဲ့မလားရှင့်"

"ညီမ ရင်ခုန်သံတွေရော အစ်ကိုညှိ့ပေးရမလား"

"ရှင်"

*ခွပ်

တွေ့လားရောက်တဲ့နေရာမှာ နှာထတယ် ကျန်တာ အသုံးမကျပေမဲ့ ကောင်မလေးတွေကို နှာထတဲ့ နေရာမှာတော့ Tine ကဆရာကြီး

"မင်းမပီးသေးဘူးလား"

ကျွန်တော့်သူ့ခေါင်းကို ခပ်နာနာလေးတီးလိုက်တယ်။

"နာတယ်ကွ ပြီးပြီးသွားမယ်လာ"

ကျွန်တော်သာမပါရင် Tine တစ်ယောက် အဲ့ကောင်မလေးနဲ့ Date ပြီးနေလောက်ပြီ။

"သွားအုံးမယ်နော်ညီမ ကြိုးညှိ့ပေးချင်ရင် Tine_0000 ကို add လိုက်နော်"

ကျွန်တော်စိတ်မရှည်တာနဲ့ ဂုဏ်ကသာဆွဲပြီး ခေါ်လာရတယ် သူ့လိုအူကြောင်ကြောင်က တွေ့သမျှမိန်းခလေးကို line id လိုက်ပေးနေတာလေ

စိတ်လေတယ် သူ့ကိုချစ်နေတဲ့ ကိုယ်ကိုကိုယ်တောင် အရမ်းစိတ်ပျက်နေပြီ

_________________________________________
Zawgyi:

"မင်းကြက်ဥကြော်ထားတာလား"

"မမြင်ဘူးလား"

တွေ့လားကျွန်တော်မပြောခဲ့ဘူးလား ကျွန်တော့်မိန်းမက အရမ်းချစ်ဖို့ကောင်းပါတယ်ဆို။

Be My BoyfriendWhere stories live. Discover now