12.1 (Final Part-1)

447 57 2
                                    

Unicode (Zawgyi below)

Taeil's POV

Ten နဲ့ Renjun က လာတုန်းကတည်းကရပ်နေတဲ့နေရာမှာပဲရှိနေပေမဲ့ Johnny ကတော့ကျွန်တော့်ရှေ့ကိုတိုးလာတယ် သူ့ဆီကထွက်တဲ့မကောင်းတဲ့အငွေ့အသက်ကလည်းမနည်းဘူး သူလည်းသေတုန်းကအငြှိုးတွေနဲ့ဒေါသတွေရှိနေခဲ့ပုံပဲ

Johnny ကကျွန်တော့်ရှေ့ကိုတိုးလာတာနဲ့ စည်းဝိုင်းထဲကနေကျွန်တော်ထိုင်နေရင်းနဲ့ပဲ သတိအမြန်ပြန်ကပ်လိုက်တယ် အင်းစာရွက် ၃ ရွက်လောက်ကိုအမြန်ထုတ်ပြီး Johnny ဆီကိုပစ်လိုက်တယ် Johnny ကိုယ်ပေါ်မှာကပ်သွားတဲ့ အင်းစာရွက် ၃ ရွက်ဟာ Johnny ကိုကျွန်တော့်ရှေ့ဆက်မတိုးလာနိုင်အောင်အချိန်ဆွဲပေးခဲ့တယ်

တခြားသရဲဆို အဲ့နေရာမှတင်ပျောက်ကွယ်သွားပြီ Johnny ကတော့ လှုပ်ရှားမှုတွေအနည်းငယ်နှေးကွေးသွားတာကလွဲရင်ကျန်တာဘာမှခံစားရတဲ့ပုံမပေါ်ဘူး

ကျွန်တော်မျက်လုံးမှိတ်ကာအာရုံစူးစိုက်လိုက်ပြီး သူ့ဆီကိုကပ်ထားတဲ့အင်းစာရွက်ပေါ်က ရေးဆွဲထားတဲ့အမှတ်အသားတစ်ခုချင်းဆီကို စိတ်ထဲကကနေဖြည်ထုတ်ပြီး အမှတ်အသားတစ်ခုချင်းဆီရဲ့ဂါထာကိုအစဉ်လိုက်ရွတ်လိုက်တယ်

ကျွန်တော်စရွတ်တာနဲ့ သူ့ကိုယ်ပေါ်မှာကပ်နေတဲ့ အင်းစာရွက်တွေကနေအလင်းတွေထွက်လာလိမ့်မယ် ပြီးရင်တော့ တစ်ရွက်ချင်းဆီကနေ အလင်းရောင်ကြိုးမျှင်တွေထွက်လာပြီး သူ့ရဲ့တစ်ကိုယ်လုံးကိုချုပ်နှောင်လိုက်မှာဖြစ်တယ်

အင်းစာရွက်တစ်ရွက်မှာရေးဆွဲထားတဲ့အမှတ်အသားပေါင်း ၃၉ ခုရှိပြီး အဲ့ ၃၉ ခုလုံးကိုတစ်ခုချင်းဖြည်ထုတ်ပြီးရွတ်ရင် ၃၉ ခုသောဂါထာပေါင်းထားတဲ့ ဂါထာရှည်ကြီးတစ်ပုဒ်ရတယ် အဲ့ဒါပြီးရင်တော့ ချုပ်နှောင်ခံထားရတဲ့မကောင်းဆိုးဝါးကပျောက်ကွယ်သွားမှာဖြစ်တယ်

ကျွန်တော် ၉ ခုသောဂါထာကိုရွတ်ပြီးတဲ့အချိန်မှာမျက်လုံးဖွင့်ကြည့်လိုက်တော့ Johnny ကိုအင်းစာရွက်တွေထဲကထွက်လာတဲ့အလင်းတန်းကြိုးမျှင်တွေကချုပ်နှောင်ထားပြီဖြစ်တယ်

ကျွန်တော် ဂါထာကိုအထစ်အထစ်အငေါ့မရှိဆက်ရွတ်လျက် သူ့ရဲ့အခြေအနေကိုကြည့်နေတယ် Johnny ကမသက်မသာသောအမူအရာတစ်ချို့ကိုသာပြသပြီး အရမ်းပူလောင်ပြီးမနေနိုင်တော့ဘဲပျောက်ကွယ်ရတော့မယ့်ပုံစံတွေကိုကျွန်တော်မမြင်ရသေးဘူး ၁၄ ခုမြောက်ဂါထာလောက်မှာ Johnny ကအငွေ့အနေနဲ့ပျောက်ကွယ်သွားတယ်

Lost in GlacierWhere stories live. Discover now