2

612 84 7
                                    

Unicode (zawgyi below)

HaeChan's POV

"အမေ!!"

ကျွန်တော်အထိန်းအကွပ်မဲ့စွာအော်လိုက်မိတယ်

"ကျွန်တော်အမေ့ဆွဲကြိုးကိုလုံးဝမယူဘူးနော် ကျွန်တော်က အမေတို့မျက်လုံးထဲမှာဘယ်လိုပဲဆိုးတဲ့ကောင်တစ်ယောက်ပဲဖြစ်နေဖြစ်နေ ကျွန်တော်အဲ့လောက်ထိတော့စာရိတ္တပျက်မနေဘူး အမေ! အမေအဲ့ဆွဲကြိုးကိုဘယ်လိုမြတ်နိုးတယ် ဘယ်လိုတန်ဖိုးထားတယ်ဆိုတာကျွန်တော်သိတယ် အမေကကျွန်တော့်ကိုသားဆိုးလို့မြင်နေပေမဲ့ကျွန်တော်အမေတန်ဖိုးထားတာတွေကိုယူပြီးဖျောက်ဖျက်ရလောက်တဲ့အထိတော့ဆိုးမနေဘူး ကျွန်တော်ဘယ်လိုပဲ အသောက်အစားမကင်းပါစေဦး အမေ့ဆွဲကြိုးကိုယူပြီးသောက်စားရတဲ့အထိလည်းကျွန်တော်မိုက်မဲမနေဘူး"

ကျွန်တော့်အသံတွေက အရက်သောက်ထားတဲ့အရှိန်နဲ့ပူပြင်းပြီးကျယ်လောင်နေတယ်

"မင်းမယူလို့ဘယ်သူယူမှာလဲ"

"အမေ!!!"

"မင်းကမင်းအဖေထက်ပိုပြီးသောက်စားတယ် ဖြုန်းတီးတယ် မင်းမှာပိုက်ဆံရှိနေတဲ့အချိန်ဆိုတာသိပ်ရှားတယ်လေ အခုမင်းငါ့ဆွဲကြိုးနဲ့ သောက်စားပြီးပြန်လာတာပဲမလား"

"အမေ!! ဘာလို့ကျွန်တော့်ကိုပဲမြင်နေရတာလဲ သူ့ကိုရော? သူစိမ်းဖြစ်နေတဲ့သူ့ကိုရော အမေနည်းနည်းလေးမှသံသယဝင်မနေဘူးလား"

ကျွန်တော်ဆိုဖာဘေးမှာ ပွဲကြည့်သလိုထိုင်နေတဲ့အိမ်အကူကိုလက်ညှိုးထိုးပြပြီးပြောလိုက်တယ် အဲ့အခါထိုအိမ်အကူက ပြာပြာသလဲနဲ့ငြင်းဆိုတယ်

"ကျွန်မ ကျွန်မ အစ်မရဲ့ဆွဲကြိုးကိုတောင်မမြင်ဖူးပါဘူး အစ်မရယ်"

"HaeChan ငါမင်းကိုဘယ်လိုအပြစ်ပေးမှ ငါ့ဆွဲကြိုးပြန်ရမလဲ မင်းဘယ်ဆိုင်မှာပေါင်ခဲ့ ရောင်းခဲ့လဲ"

"အမေ!! ကျွန်တော်မယူဘူးလို့ပြောနေတယ်လေ"

"ဖြောင်း!!!!!!"

ကျွန်တော့်လေသံကအမြင့်ဆုံးကိုရောက်သွားတော့ ဧည့်ခန်းတစ်ခန်းလုံးတင်မကဘဲ ကျွန်တော့်ရင်ထဲမှာပါရိုက်ခတ်ကျယ်လောင်သွားတဲ့အထိ အမေ့ရဲ့လက်ဖဝါးကကျွန်တော့်ရဲ့ပါးပြင်ပေါ်ကျလာတဲ့အသံဟာချက်ချင်းပေါ်လာခဲ့တယ်

Lost in GlacierWhere stories live. Discover now