9

423 63 9
                                    

Unicode (Zawgyi below)

Jaehyun's POV

ကြမ်းပြင်ပေါ်မှာတော့ သာမန်လူတစ်ယောက်ရုတ်တရက်တွေ့ရင်သွေးလန့်သွားလောက်မယ့် အရာတွေကကျန်ရှိနေခဲ့တယ်

လူသေအလောင်းနဲ့သွေးတွေပေါ့ ပြီးတော့ကြေမွနေတဲ့အတွင်းအင်္ဂါအစိတ်အပိုင်း။

ဘယ်ဘတ်ရင်ဘတ်မှာအပေါက်ကြီးဖြစ်လျက်သွေးဆိုင်ထဲလဲကျနေတဲ့ Kun နဲ့ ကြေမွနေတဲ့သူ့နှလုံးကိုကျွန်တော်ပစ်ထားခဲ့ပြီး Taeyong ရဲ့အခန်းဆီကိုဆက်လျှောက်လာခဲ့တယ် Kun ရဲ့နှလုံးကိုခြေထားတဲ့ကျွန်တော်ရဲ့ညာဘက်ခြေထောက်က မြေအောက်ခန်းရဲ့ကြမ်းပြင်ကိုသွေးခြေရာတွေပုံနှိပ်ပေးနေသလိုဖြစ်နေတယ်

နောက်ဆုံးတော့ သံသတ္တုတံခါးကြီးအရှေ့ကိုရောက်လာခဲ့တယ် ရေငွေ့ရိုက်နေတဲ့ဒီတံခါးအကြီးကြီးတွေနားရောက်မှ ပိုပိုပြီးအေးတဲ့ဒဏ်ကိုခံစားလာရတယ်

Jisung ကဘေးနံရံမှာရှိတဲ့ခလုတ်ကိုဖိနှိပ်လိုက်တော့ ဂျိန်း ဟူသောအသံကြီးတွေထွက်ကာ သံသတ္တုတံခါးကြီး ၂ ချပ်က တစ်ခုနဲ့တစ်ခုတင်းနေအောင်စေ့ပိတ်နေရာကနေတဖြည်းဖြည်းဝေးကွာရင်း ပွင့်လာတယ်

အထဲကအအေးငွေ့တွေကကျွန်တော့်ကိုလာရိုက်ခတ်တယ် အထူးသဖြင့်အကာအကွယ်မရှိတဲ့မျက်နှာကိုပေါ့ ကျွန်တော်အအေးငွေ့ဒဏ်ကြောင့် မျက်လုံးတစ်ချက်မှိတ်လိုက်မိတယ်

ပြီးတော့မှတဖြည်းဖြည်းရှင်းသွားတဲ့ အအေးငွေ့တွေကြားကနေ အိပ်ပျော်နေတဲ့ Taeyong ကိုကျွန်တော်မြင်လိုက်ရတယ် သူ့ကိုမြင်မြင်ချင်းကျွန်တော်ချက်ချင်းပဲအထဲကိုပြေးဝင်ကာ အိပ်နေတဲ့ Taeyong နားကိုကပ်မိတယ်

"Taeyong"

ကျွန်တော်လာရင် Taeyong ကအမြဲအိပ်နေတတ်တယ် အေးစက်လွန်းတဲ့နေရာမှာ သူဘာလို့ဒီလိုအိပ်နေနိုင်တာလဲ

အရမ်းအေးလွန်းတဲ့ သူ့အခန်းရဲ့ ဒီဂရီကြောင့် ဆောင်းရာသီမှာပန်းပွင့်လေးတွေပေါ်မှာတွယ်ကပ်တင်ကျန်နေတဲ့နှင်းဖတ်နှင်းပွင့်တွေလို ရေခဲဖတ် ရေခဲပွင့်တွေဟာ သူ့ရဲ့မျက်တောင်နဲ့ဆံပင်ပေါ်မှာတင်ကျန်ပြီးစွဲကပ်နေတယ် မျက်တောင်နဲ့ဆံပင်တင်ဘယ်ကမလဲ သူ့ရဲ့မျက်နှာပေါ်မှာရောပေါ့ လက်နဲ့အကျီပေါ်တွေမှာရော

Lost in GlacierDonde viven las historias. Descúbrelo ahora