8

461 70 7
                                    

Unicode (Zawgyi below)

Kun's POV

ရုတ်တရက်ပျောက်ချင်းမလှပျောက်သွားကြတဲ့ ကျွန်တော့်တပည့် ၃ ယောက်ကိစ္စဟာကျွန်တော့်ခေါင်းထဲကဘယ်လိုမှဆွဲထုတ်လို့ရတဲ့အရာမဟုတ်ခဲ့ဘူး

ကျွန်တော်ကတော့ဆရာပီပီ Thesis ကြီးပဲခေါင်းထဲမှာရှိခဲ့ပြီး Thesis ပြီးဖို့သာစိတ်အားထက်သန်နေတဲ့အတွက် သူတို့အခြေအနေကိုကျွန်တော်ဂဃနဏစိတ်မပူတတ်ခဲ့ဘူး Hendery ဗိုက်အောင့်တုန်းကတောင်နားလည်ပေးခဲ့တာပဲရှိမယ် ဆေးသောက်ထားရင်မနက်ပြန်ကောင်းမှာပဲဆိုတဲ့စိတ်ကြီးနဲ့တစ်ညလုံးကျွန်တော်အေးအေးဆေးဆေးဖြစ်ခဲ့တယ်

အခုလိုဖြစ်တဲ့အချိန်ကျမှကျွန်တော်မျောက်မီးခဲကောက်ကိုင်ရတဲ့အဖြစ်ကိုဆိုက်ရောက်ရတယ် သူတို့ကလူငယ်ပီပီ ယောက်ျားလေးပီပီလမ်းသလားတန်ပေမဲ့ မြို့ပေါ်လိုမစည်တဲ့ဒီလိုချောင်ကျတဲ့နယ်ဘက်မှာသူတို့လမ်းသလားစရာဘယ်နေရာမှရှိမနေပြန်ဘူး ဒီအချက်ကကျွန်တော်ကသူတို့ကိုခြေမချုပ်ထားရင်တောင် သူတို့ကိုအလိုလို ဒီ Hotel မှာခြေငြိမ်နေစေမယ့်အရာတစ်ခုဖြစ်လို့လျှောက်သွားပြီးပျောက်သွားတယ်ဆိုတဲ့အချက်ကလုံးဝပယ်ထားလို့ရတယ်

ကျွန်တော်တွေးမိသောတစ်ခုတည်းသောအချက်က ဒီ Hotel မှာနေရင်းပျောက်သွားတယ်ဆိုတာပဲဖြစ်တယ် ဒီလိုအချက်ကိုကျွန်တော်ဘယ်လိုစိတ်နဲ့အခိုင်အမာပြောနေရတာလဲလို့ မေးလာခဲ့ရင်ကျွန်တော့်မှာအဖြေအဆင်သင့်ရှိနေပြီးသားဖြစ်တယ် အဲ့ဒါကဘာလဲဆိုရင် ဒီ Hotel ရဲ့ပိုင်ရှင် Jaehyun ဆိုတဲ့လူတစ်ယောက်တည်းသာဖြစ်တယ်

မနေ့ကတည်းက Jaehyun နဲ့စကားပြောရင်းသူ့ရဲ့အမူအရာတွေကိုမနှစ်သက်ဖြစ်နေခဲ့တာ

ကျွန်တော်ဘာကြောင့်သူ့ကိုလူကောင်းလို့ထင်ခဲ့ရတာလဲ ဘာလို့အဲ့လိုမှတ်ချက်ချခဲ့မိရတာလဲ

ကျွန်တော့်ရဲ့ အခုလောလောဆယ်ပျောက်နေတဲ့တပည့်တွေကို အဲ့လူများ တစ်ခုခုလုပ်ပစ်လိုက်ပြီလား

ကိုယ့်ရဲ့ပြဿနာစလာပြီဆိုပြီး ကျွန်တော်ရောက်ရယက်ခတ်နေပြီး သူ့ကိုလိုက်စွပ်စွဲနေမိတာတော့မဟုတ်။

Lost in GlacierWhere stories live. Discover now